Ethernet
Ethernet ဆိုတာက Local Area Networks (LAN) တွေအတက်ရည်ရွယ်တဲ့ Frame Based Computer Network နည်းပညာရဲ့ အဖွဲ့ဝင်တစ်ခုပါပဲ။ ဒီနာမည်က Ether ဆိုတာရဲ့ Physical
ပိုင်းယူဆချက်တွေကနေဆင်းသက်လာတာပေါ့။ Ethernet က ဘာတွေပါသလဲဆိုရင် OSI Networking Model ထဲက Physical Layer အတွက် Wire တွေ ဘယ်လောက်သုံးမလဲ Signaling ပိုင်းမှာ ဘယ်လို Standards တွေထားမလဲ။
အဲဒါတွေကို သတ်မှတ်ပေးတယ်။ နောက်တစ်ခုက Media Access Control (MAC)/ Data Link Layer မှာရှိတဲ့ Network Access တွေ ၊ Addressing Format တွေ လည်းပါနေပါတယ်။
Ethernet ကို IEEE 802.3 နဲ့သတ်မှတ်တယ်။ Network တစ်ခုရဲ့ End Systems တွေကို ချိတ်ဆက်ဖို့သုံးတဲ့ Ethernet Twisted Pair Version ရယ် Site Backbones ရဲ့ Fiber Optic Version ရယ်ပေါင်းစပ်သုံးစွဲတ
ာဟာ အကျယ်ပြန့်ဆုံး Wired LAN နည်းပညာဖြစ်နေပါတယ်။ ဒီနည်းပညာကို 1980 ကတည်းကနေ အခုထိ အသုံးပြုနေတုန်းပါပဲ။ ဘယ်လောက်တောင်များလဲဆို အပြိုင် LAN Standard တွေဖြစ်တဲ့ Token Ring, FDDI and
ARCNET တွေကိုပါဝင်ပြီးနေရာယူပစ်လိုက်တဲ့အထိပါပဲ။
Ethernet ရဲ့ သမိုင်းကြောင်း
Ethernet ကို မူလတီထွင်ဖန်တီးခဲ့တာကတော့ 1973-1975 ကြားထဲမှာပါပဲ... Xerox PARC ကနေပေါ့။ 1975 ကျတော့ Xerox က Robert Metcalfe, David Boggs, Chuk Thacker , Butler Lampson စတဲ့
တီထွင်တဲ့လူတွေပါဝင်တဲ့ Patent Application တစ်ခု တင်ပြလာတယ်။ အဲ 1976 လည်းရောက်ရော (PARC မှာ ဒီ System ကိုစသုံးတဲ့အချိန်ပေါ့) Metcalfe နဲ့ Boggs က Seminal Paper တွေတင်ပြလာတာပါပဲ။
အဲဒီ Paper ထဲမှာတင်ပြထားတာက စမ်းသပ်ဆဲဖြစ်တဲ့ Ethernet ဟာ 3Mbit/s နဲ့ Run တယ်။ Desitination Address အတွက် 8-Bit, Source Address အတွက် 8 Bit ဆိုပြီးလည်းပါတယ်လို့ပြောထားပါတ
ယ်။ ဒီတော့ မူရင်း Ethernet Address တွေက ဒီနေ့လိုမျိုး MAC Address တွေမဟုတ်ကြဘူးပေါ့။ Software ဖန်တီးထားပုံအရတော့ Destination နဲ့ Source Address Field တွေရဲ့ နောက်က 16 Bits ဟာ Packet
အမျိုးအစားအတွက် Field ဖြစ်နေတယ်။ ဒါပေမယ့် Paper အပြောကတော့တစ်မျိုးပါ။ "မတူညီတဲ့ Protocols တွေက တစ်ဆက်တည်းမဟုတ်တဲ့ Packet အမျိုးအစားတွေဖြစ်ပါတယ်" တဲ့။ ဒါဆိုရင်တော့ Packet
အမျိုးအစားတွေဟာဆိုရင် ပေးထားတဲ့ သုံးနေတဲ့ Protocol တွေအတွက်ဖြစ်ပြီး လက်ရှိ Ethernet ထဲမှာ ဘယ်လို Protocol သုံးနေသလဲ ဆိုတာ ဖော်ပြတဲ့ Packet အမျိုးအစားတော့မဟုတ်ပါဘူး။
1979 ခုရောက်တော့ Metacalfe က Personal Computer နဲ့ LAN(Local Area Networking) တွေအသုံးပြုမှုကို ပိုမြင့်လာအောင်လုပ်ဖို့ဆိုပြီး Xerox ကနေ ထွက်လိုက်ပါတယ်။ ပြီးတော့ 3Com ဆိုပြီး ဖွဲ့စည်းလိုက်တယ
်။ သူက DEC တို့ Intel တို့ Xerox တို့ကိုလည်း DIX (Digital / Intel / Xerox) လို့ခေါ်တဲ့ Ethernet Standard လုပ်ရမှာ အတူအလုပ်လုပ်ဖို့ ဖိတ်ခေါ်ခဲ့သေးတယ်။ DIX က 10 Megabits /second Ethernet ဖြစ်ပြီး Destination
အတွက် 48-Bit , Source Address အတွက် 48 Bit အပြင် Global Type Field ဆိုပြီး 16-Bit ပါပါတယ်။ ပထမဆုံးနမူနာကြမ်းကို 1980, Sept 30 ရက်က IEEE ထဲမှာစထုတ်ခဲ့ပြီး အကြီးမားဆုံး System ၂ခုဖြစ်တဲ့ Token Ring,
Token Bus တို့နဲ့ အပြိုင်အဆိုင်ပါပဲ။ Open "IEEE" ရဲ့ process လုပ်တဲ့အခါခက်ခဲတဲ့ပြသနာတွေ့တာရယ် အပြိုင်Token Ring ကို IBM က အင်တိုက်အားတိုက်အားပေးတာရယ်တွေကြောင့် Ethernet CSMA/CD ကို အဆုံးသတ်တ
ာ နှောင့်နှေးခဲ့ရပါတယ်။ နောက်မှာတော့အဲဒီလို မနှောင့်နှေးအောင်ဆိုပြီး CSMA/CD ကို တစ်ခြား Standardization Bodies တွေဖြစ်တဲ့ ECMA, IEC, ISO တို့မှာ ထည့်သုံးတဲ့အခါကျတော့ တစ်အားပဲအောင်မြင်ခဲ
့တယ်။ Proprietary System တွေကတော့ Ethernet ရဲ့ ထုတ်ကုန်တွေအောက်ကို မြုပ်သွားတာပေါ့။ အဲဒီအတောအတွင်းမှာ 3 Comက တကယ့်ကို အဓိကရ Company ဖြစ်သွားတာပဲ။ ပထမဆုံး 10 MBits Ethernet Adapter ကို
3Com က1983 မှာ စဖန်တီးခဲ့ပြီး နောက်ပိုင်းကျတော့ Digital Equipment's Unibus ကအစ Ethernet Adapter အထိမြန်မြန်ကြီး ဖန်တီးနိုင်ခဲ့ပါတယ်။
Twisted -pair Ethernet Systems တွေကို 80 ရာစုအလယ်လောက်မှာကတည်းက စထုတ်လုပ်ခဲ့ပါတယ်။ အစတော့ Star LAN အနေနဲ့သိပြီး နောက်တော့ 10 Base T နဲ့ နာမည်ကြီးကြီးလာတာ ဒီကောင်ပါပဲ။ ဒီ System
တွေကြောင့် အရင် Ethernet တွေထည့်သုံးတဲ့ Coaxial Cable တွေကနေ Unshielded Twisted Pair (UTP) တွေနဲ့ Bus တွေကို ချိတ်ဆက်ပေးတဲ့ System အဖြစ်ပြောင်းကုန်ပါတယ်။
အထွေထွေရှင်းလင်းချက်
Ethernet ရဲ့မူရင်း Idea က ဘာအပေါ်အခြေခံလဲဆိုတော့ Broadcast Transmission Medium တွေအဖြစ်လုပ်ဆောင်တဲ့ Coaxial Cable တွေကနေ Computer ချင်းချိတ်ဆက်ခြင်းပေါ်မှာအခြေခံတာပါ။ ဒီ Method
တွေက Radio System တွေနဲ့ တော်တော်လေးကို ဆင်ပါတယ်။ Cable Broadcast System မှာ Collision ဖြစ်တာကို မြန်မြန်ဆန်ဆန်သိနိုင်တာကလွဲရင်ပေါ့လေ။ Communication Channel တွေအတွက် သုံးတဲ့ Cable တွေကို
Ether လို့ခေါ်ပြီး ဒီ Ether ကနေပြီး Ethernet ဆိုတဲ့အမည်က ဆင်းသက်လာတာပါ။
အဲဒီတော့ အခုပြောခဲ့ပြီးဖြစ်တဲ့ ရှင်းလင်းချက်တွေကနေဆိုရင် Ethernet ဟာ ယနေ့ LAN လို့သမုတ်တဲ့ Network Technology ရှုပ်ရှုပ်ထွေးထွေးကနေ ပေါ်ပေါက်လာတယ်။ Installation Costs တွေလျှော့ချဖို့ Coaxial
Cable တွေအစား Ethernet Hubs တွေ Switch တွေနဲ့ Point-to-Point ချိတ်တာတွေသုံးလာတယ်။ ပိုပြီးလည်းသုံးပျော်တယ်၊ စိတ်ချရတယ်။ Point-to-Point ထိန်းချုပ်တာ Troubleshoot လုပ်တာတွေလည်း လုပ်နိုင်တယ်ဆ
ိုတာ သိရမှာပါ။
StarLAN ကို Ethernet ရဲ့ အပြောင်းအလဲဖြစ်တဲ့ Coaxible Bus ကနေ Hub တွေကို အဓိကထားတဲ့ Twisted-Pair Network တွေအဖြစ်ပြောင်းလဲသွားတာရဲ့ ပထမဆုံးခြေလှမ်းလို့ ဆိုနိုင်ပါတယ်။
Twisted-Pair Wiring ပေါ်ထွက်လာတာက အပြိုင်အဆိုင်နည်းတွေ အပြိုင်အဆိုင်ဆိုတဲ့အထဲမှာ Ethernet နည်းလမ်းအဟောင်းတွေလဲပါတာ ပေါ့။ အဲဒီအပြိုင်အဆိုင်တွေနဲ့ယှဉ်လိုက်တော့ Twisted-Pair Wiring က
Installation Cost ကို သိသိသာသာကြီး လျော့ကျစေတာက အားရစရာပါပဲ။
Physical Layer ထဲမှာ Ethernet ကဘယ်လိုအလုပ်လုပ်သလဲ။ Ethernet Stations တွေအချင်းချင်း Data Packet တွေပို့ပြီးဆက်သွယ်ကြတယ်။ Data Packet ဆိုတာကလည်း တစ်ခုချင်းစီတစ်ခုချင်း
စီ ပို့လိုက်ပြန်လက်ခံလိုက်နဲ့ လုပ်ရတဲ့ Data အပိုင်းလေးတွေ (Data Blacks လေးတွေ)ပါပဲ။ တစ်ခြား IEEE 802 LANs တွေလိုပဲ Ethernet Station တိုင်းမှာ 48 Bit ပါတဲ့ MAC Address တစ်ခုစီရှိပါတယ်။ အဲဒီ MAC Address
ကိုပဲ Data Packet တစ်ခုချင်းစီရဲ့ Source ရော Destination ရောအဖြစ်နဲ့ သတ်မှတ်ဖို့သုံးပါတယ်။ ပုံမှန်အားဖြင့် Network Interface Cards (NICs) (သို့မဟုတ်) Chip တွေက တစ်ခြား Ethernet Stations တွေကိုပို့တဲ့ Packet
တွေကိုကျတော့ လက်မခံတတ်ပါဘူး။ Adapter တွေဟာနဂိုကတည်းက Glogally Unique Address ပါပြီးသားပါ။ ဘာအတွက်လဲလို့မေးရင်တော့ Adapter တစ်ခုကို အစားထိုးလိုက်တဲ့အခါ Address တွေပြောင်းလဲမသွားအောင်ရော
Locally Administered Address တွေကို သုံးရန်ရောလို့ဖြေရမှာပါ။ ဒါပေမယ့်လည်း ဒီ Globally Unique Address က Override လုပ်လို့ရပါတယ်။
10 Mbits/s နဲ့ပြေးနေတဲ့ Thick Coaxial Cable Bus ကနေ Gbit/s နဲ့အထက်ပြေးနေတဲ့ Point-to-Point Link တွေကို ပြောင်းသွားပေမယ့်လည်း အရင်တုန်းကစမ်းသပ်တဲ့ Versions တွေအပါအဝင် Ethernet ရဲ့
မျိုးရိုးအစဉ်အဆက်အားလုံးဟာ Frame ပုံစံတစ်ခုတည်းကိုပဲ သုံးနေကြပါတယ်။ နောက်ပြီး Interconnect လုပ်ရတာလည်း လွယ်မှလွယ်တဲ့။
Ethernet မှာ Ubiquity ဖြစ်တာလေးတွေကိုလည်း ရှိတာပေါ့လေ။ လိုအပ်တဲ့ Hardware တွေအတွက် ကုန်ကျနှုန်းတွေလျော့ဖို့ Twisted Pair Ethernet ကြောင့်လိုနေတဲ့ Panel Space တွေကိုလည်း လျော့ဖ
ို့ ဒါတွေလိုနေပါသေးတယ်။ ဒါကြောင့် အခုတော့ တီထွင်ထုတ်လုပ်သူတွေက PC ရဲ့ Motherboard ထဲမှာ Ethernet Card ရဲ့ လုပ်ဆောင်နိုင်စွမ်းပါ ပါသွားအောင် ကြိုးစားနေကြပါတယ်။ ဒါမှသာ သီးခြား Network Card စိုက်ရတဲ့ ဒုက္ခကနေ ကင်းဝေးရမှာပါပဲ။
Crd-someone