BurmaTelecom

Monday, September 23, 2019

Ethernet               Ethernet ဆိုတာက Local Area Networks (LAN) တွေအတွ


Ethernet

              Ethernet ဆိုတာက Local Area Networks (LAN) တွေအတက်ရည်ရွယ်တဲ့ Frame Based Computer Network နည်းပညာရဲ့ အဖွဲ့ဝင်တစ်ခုပါပဲ။ ဒီနာမည်က Ether ဆိုတာရဲ့ Physical 
ပိုင်းယူဆချက်တွေကနေဆင်းသက်လာတာပေါ့။ Ethernet က ဘာတွေပါသလဲဆိုရင် OSI Networking Model ထဲက Physical Layer အတွက် Wire တွေ ဘယ်လောက်သုံးမလဲ Signaling ပိုင်းမှာ ဘယ်လို Standards တွေထားမလဲ။
အဲဒါတွေကို သတ်မှတ်ပေးတယ်။ နောက်တစ်ခုက Media Access Control (MAC)/ Data Link Layer မှာရှိတဲ့ Network Access တွေ ၊ Addressing Format တွေ လည်းပါနေပါတယ်။
Ethernet ကို IEEE 802.3 နဲ့သတ်မှတ်တယ်။ Network တစ်ခုရဲ့ End Systems တွေကို ချိတ်ဆက်ဖို့သုံးတဲ့ Ethernet Twisted Pair Version ရယ် Site Backbones ရဲ့ Fiber Optic Version ရယ်ပေါင်းစပ်သုံးစွဲတ
ာဟာ အကျယ်ပြန့်ဆုံး Wired LAN နည်းပညာဖြစ်နေပါတယ်။ ဒီနည်းပညာကို 1980 ကတည်းကနေ အခုထိ အသုံးပြုနေတုန်းပါပဲ။ ဘယ်လောက်တောင်များလဲဆို အပြိုင် LAN Standard တွေဖြစ်တဲ့ Token Ring, FDDI and
ARCNET တွေကိုပါဝင်ပြီးနေရာယူပစ်လိုက်တဲ့အထိပါပဲ။

Ethernet ရဲ့ သမိုင်းကြောင်း
                 Ethernet ကို မူလတီထွင်ဖန်တီးခဲ့တာကတော့ 1973-1975 ကြားထဲမှာပါပဲ... Xerox PARC ကနေပေါ့။ 1975 ကျတော့ Xerox က Robert Metcalfe, David Boggs, Chuk Thacker , Butler Lampson စတဲ့
တီထွင်တဲ့လူတွေပါဝင်တဲ့ Patent Application တစ်ခု တင်ပြလာတယ်။ အဲ 1976 လည်းရောက်ရော (PARC မှာ ဒီ System ကိုစသုံးတဲ့အချိန်ပေါ့) Metcalfe နဲ့ Boggs က Seminal Paper တွေတင်ပြလာတာပါပဲ။
အဲဒီ Paper ထဲမှာတင်ပြထားတာက စမ်းသပ်ဆဲဖြစ်တဲ့ Ethernet ဟာ 3Mbit/s နဲ့ Run တယ်။ Desitination Address အတွက် 8-Bit, Source Address အတွက် 8 Bit ဆိုပြီးလည်းပါတယ်လို့ပြောထားပါတ
ယ်။ ဒီတော့ မူရင်း Ethernet Address တွေက ဒီနေ့လိုမျိုး MAC Address တွေမဟုတ်ကြဘူးပေါ့။ Software ဖန်တီးထားပုံအရတော့ Destination နဲ့ Source Address Field တွေရဲ့ နောက်က 16 Bits ဟာ Packet
အမျိုးအစားအတွက် Field ဖြစ်နေတယ်။ ဒါပေမယ့် Paper အပြောကတော့တစ်မျိုးပါ။ "မတူညီတဲ့ Protocols တွေက တစ်ဆက်တည်းမဟုတ်တဲ့ Packet အမျိုးအစားတွေဖြစ်ပါတယ်" တဲ့။ ဒါဆိုရင်တော့ Packet
အမျိုးအစားတွေဟာဆိုရင် ပေးထားတဲ့ သုံးနေတဲ့ Protocol တွေအတွက်ဖြစ်ပြီး လက်ရှိ Ethernet ထဲမှာ ဘယ်လို Protocol သုံးနေသလဲ ဆိုတာ ဖော်ပြတဲ့ Packet အမျိုးအစားတော့မဟုတ်ပါဘူး။
1979 ခုရောက်တော့ Metacalfe က Personal Computer နဲ့ LAN(Local Area Networking) တွေအသုံးပြုမှုကို ပိုမြင့်လာအောင်လုပ်ဖို့ဆိုပြီး Xerox ကနေ ထွက်လိုက်ပါတယ်။ ပြီးတော့ 3Com ဆိုပြီး ဖွဲ့စည်းလိုက်တယ
်။ သူက DEC တို့ Intel တို့ Xerox တို့ကိုလည်း DIX (Digital / Intel / Xerox) လို့ခေါ်တဲ့ Ethernet Standard လုပ်ရမှာ အတူအလုပ်လုပ်ဖို့ ဖိတ်ခေါ်ခဲ့သေးတယ်။ DIX က 10 Megabits /second Ethernet ဖြစ်ပြီး Destination
အတွက် 48-Bit , Source Address အတွက် 48 Bit အပြင် Global Type Field ဆိုပြီး 16-Bit ပါပါတယ်။ ပထမဆုံးနမူနာကြမ်းကို 1980, Sept 30 ရက်က IEEE ထဲမှာစထုတ်ခဲ့ပြီး အကြီးမားဆုံး System ၂ခုဖြစ်တဲ့ Token Ring,
Token Bus တို့နဲ့ အပြိုင်အဆိုင်ပါပဲ။ Open "IEEE" ရဲ့ process လုပ်တဲ့အခါခက်ခဲတဲ့ပြသနာတွေ့တာရယ် အပြိုင်Token Ring ကို IBM က အင်တိုက်အားတိုက်အားပေးတာရယ်တွေကြောင့် Ethernet CSMA/CD ကို အဆုံးသတ်တ
ာ နှောင့်နှေးခဲ့ရပါတယ်။ နောက်မှာတော့အဲဒီလို မနှောင့်နှေးအောင်ဆိုပြီး CSMA/CD ကို တစ်ခြား Standardization Bodies တွေဖြစ်တဲ့ ECMA, IEC, ISO တို့မှာ ထည့်သုံးတဲ့အခါကျတော့ တစ်အားပဲအောင်မြင်ခဲ
့တယ်။ Proprietary System တွေကတော့ Ethernet ရဲ့ ထုတ်ကုန်တွေအောက်ကို မြုပ်သွားတာပေါ့။ အဲဒီအတောအတွင်းမှာ 3 Comက တကယ့်ကို အဓိကရ Company ဖြစ်သွားတာပဲ။ ပထမဆုံး 10 MBits Ethernet Adapter ကို
3Com က1983 မှာ စဖန်တီးခဲ့ပြီး နောက်ပိုင်းကျတော့ Digital Equipment's Unibus ကအစ Ethernet Adapter အထိမြန်မြန်ကြီး ဖန်တီးနိုင်ခဲ့ပါတယ်။
Twisted -pair Ethernet Systems တွေကို 80 ရာစုအလယ်လောက်မှာကတည်းက စထုတ်လုပ်ခဲ့ပါတယ်။ အစတော့ Star LAN အနေနဲ့သိပြီး နောက်တော့ 10 Base T နဲ့ နာမည်ကြီးကြီးလာတာ ဒီကောင်ပါပဲ။ ဒီ System
တွေကြောင့် အရင် Ethernet တွေထည့်သုံးတဲ့ Coaxial Cable တွေကနေ Unshielded Twisted Pair (UTP) တွေနဲ့ Bus တွေကို ချိတ်ဆက်ပေးတဲ့ System အဖြစ်ပြောင်းကုန်ပါတယ်။
အထွေထွေရှင်းလင်းချက်
Ethernet ရဲ့မူရင်း Idea က ဘာအပေါ်အခြေခံလဲဆိုတော့ Broadcast Transmission Medium တွေအဖြစ်လုပ်ဆောင်တဲ့ Coaxial Cable တွေကနေ Computer ချင်းချိတ်ဆက်ခြင်းပေါ်မှာအခြေခံတာပါ။ ဒီ Method
တွေက Radio System တွေနဲ့ တော်တော်လေးကို ဆင်ပါတယ်။ Cable Broadcast System မှာ Collision ဖြစ်တာကို မြန်မြန်ဆန်ဆန်သိနိုင်တာကလွဲရင်ပေါ့လေ။ Communication Channel တွေအတွက် သုံးတဲ့ Cable တွေကို 
Ether လို့ခေါ်ပြီး ဒီ Ether ကနေပြီး Ethernet ဆိုတဲ့အမည်က ဆင်းသက်လာတာပါ။
  အဲဒီတော့ အခုပြောခဲ့ပြီးဖြစ်တဲ့ ရှင်းလင်းချက်တွေကနေဆိုရင် Ethernet ဟာ ယနေ့ LAN လို့သမုတ်တဲ့ Network Technology ရှုပ်ရှုပ်ထွေးထွေးကနေ ပေါ်ပေါက်လာတယ်။ Installation Costs တွေလျှော့ချဖို့ Coaxial
Cable တွေအစား Ethernet Hubs တွေ Switch တွေနဲ့ Point-to-Point ချိတ်တာတွေသုံးလာတယ်။ ပိုပြီးလည်းသုံးပျော်တယ်၊ စိတ်ချရတယ်။ Point-to-Point ထိန်းချုပ်တာ Troubleshoot လုပ်တာတွေလည်း လုပ်နိုင်တယ်ဆ
ိုတာ သိရမှာပါ။
StarLAN ကို Ethernet ရဲ့ အပြောင်းအလဲဖြစ်တဲ့ Coaxible Bus ကနေ Hub တွေကို အဓိကထားတဲ့ Twisted-Pair Network တွေအဖြစ်ပြောင်းလဲသွားတာရဲ့ ပထမဆုံးခြေလှမ်းလို့ ဆိုနိုင်ပါတယ်။
Twisted-Pair Wiring ပေါ်ထွက်လာတာက အပြိုင်အဆိုင်နည်းတွေ အပြိုင်အဆိုင်ဆိုတဲ့အထဲမှာ Ethernet နည်းလမ်းအဟောင်းတွေလဲပါတာ ပေါ့။ အဲဒီအပြိုင်အဆိုင်တွေနဲ့ယှဉ်လိုက်တော့ Twisted-Pair Wiring က
Installation Cost ကို သိသိသာသာကြီး လျော့ကျစေတာက အားရစရာပါပဲ။
Physical Layer ထဲမှာ Ethernet ကဘယ်လိုအလုပ်လုပ်သလဲ။ Ethernet Stations တွေအချင်းချင်း Data Packet တွေပို့ပြီးဆက်သွယ်ကြတယ်။ Data Packet ဆိုတာကလည်း တစ်ခုချင်းစီတစ်ခုချင်း
စီ ပို့လိုက်ပြန်လက်ခံလိုက်နဲ့ လုပ်ရတဲ့ Data အပိုင်းလေးတွေ (Data Blacks လေးတွေ)ပါပဲ။ တစ်ခြား IEEE 802 LANs တွေလိုပဲ Ethernet Station တိုင်းမှာ 48 Bit ပါတဲ့ MAC Address တစ်ခုစီရှိပါတယ်။ အဲဒီ MAC Address
ကိုပဲ Data Packet တစ်ခုချင်းစီရဲ့ Source ရော Destination ရောအဖြစ်နဲ့ သတ်မှတ်ဖို့သုံးပါတယ်။ ပုံမှန်အားဖြင့် Network Interface Cards (NICs) (သို့မဟုတ်) Chip တွေက တစ်ခြား Ethernet Stations တွေကိုပို့တဲ့ Packet
တွေကိုကျတော့ လက်မခံတတ်ပါဘူး။ Adapter တွေဟာနဂိုကတည်းက Glogally Unique Address ပါပြီးသားပါ။ ဘာအတွက်လဲလို့မေးရင်တော့ Adapter တစ်ခုကို အစားထိုးလိုက်တဲ့အခါ Address တွေပြောင်းလဲမသွားအောင်ရော
Locally Administered Address တွေကို သုံးရန်ရောလို့ဖြေရမှာပါ။ ဒါပေမယ့်လည်း ဒီ Globally Unique Address က Override လုပ်လို့ရပါတယ်။
10 Mbits/s နဲ့ပြေးနေတဲ့ Thick Coaxial Cable Bus ကနေ Gbit/s နဲ့အထက်ပြေးနေတဲ့ Point-to-Point Link တွေကို ပြောင်းသွားပေမယ့်လည်း အရင်တုန်းကစမ်းသပ်တဲ့ Versions တွေအပါအဝင် Ethernet ရဲ့
မျိုးရိုးအစဉ်အဆက်အားလုံးဟာ Frame ပုံစံတစ်ခုတည်းကိုပဲ သုံးနေကြပါတယ်။ နောက်ပြီး Interconnect လုပ်ရတာလည်း လွယ်မှလွယ်တဲ့။
Ethernet မှာ Ubiquity ဖြစ်တာလေးတွေကိုလည်း ရှိတာပေါ့လေ။ လိုအပ်တဲ့ Hardware တွေအတွက် ကုန်ကျနှုန်းတွေလျော့ဖို့ Twisted Pair Ethernet ကြောင့်လိုနေတဲ့ Panel Space တွေကိုလည်း လျော့ဖ
ို့ ဒါတွေလိုနေပါသေးတယ်။ ဒါကြောင့် အခုတော့ တီထွင်ထုတ်လုပ်သူတွေက PC ရဲ့ Motherboard ထဲမှာ Ethernet Card ရဲ့ လုပ်ဆောင်နိုင်စွမ်းပါ ပါသွားအောင် ကြိုးစားနေကြပါတယ်။ ဒါမှသာ သီးခြား Network Card စိုက်ရတဲ့ ဒုက္ခကနေ ကင်းဝေးရမှာပါပဲ။

Crd-someone

Tuesday, September 3, 2019

Telecom job

Friend များအားလုံး Like & Share လေး လုပ်ပေးပါနော်

(1) Operation & Customer Service Manager (1)ဦး အမြန်အလိုရှိပါသည်။
- သက်ဆိုင်ရာလုပ်သက် အတွေ့ကြုံအနဲဆုံး (5)နှစ်ရှိရမည်။
- Delivery ပိုင်းနှင့် Logistics ပိုင်း တွင် Operation နှင့် Customer Service ကျွမ်းကျင်ရမည်။
- Customer Complain များကို ကောင်းမွန်စွာ ဖြေရှင်းနိုင်ရမည်။
- ဆက်ဆံရေး ပြေပြစ် ကောင်းမွန်ရမည်။
- Microsoft Office ကျွမ်းကျင်ရမည်။
- ဘွဲ့ရဖြစ်ရမည်။
- ရန်ကုန်မြို့ လမ်းကြောင်းကျွမ်းကျင်ရမည်။
- တစ်ပတ်အတွင်းအမြန်လျှောက်ထားရန်

(2)Customer Service (1)ဦး အမြန် အလိုရှိသည်။
- ဘွဲ့ရရမည်။
- ဆက်ဆံရေး ပြေပြစ် ကောင်းမွန်ရမည်။
- Microsoft Office ကျွမ်းကျင်ရမည်။
- Customer Complain များကို ကောင်းမွန်စွာ ဖြေရှင်းနိုင်ရမည်။

(3) Rider အယောက်(20)အမြန်လိုအပ်ပါသည်။
- စက်ဘီးကျွမ်းကျင်စွာနင်းတက်ရမည်။
- ရန်ကုန် မြို့တွင်း လမ်းကြောင်းကျွမ်းကျင်စွာ သွားလာတက်ရမည်။
- တစ်ပတ်တစ်ရက် နားရက်ရှိမည်။
- အခြေခံလစာ 130000 ကျပ်၊ ရက်မှန်ကြေး 30000 ကျပ်၊  လမ်းကြောင်းကြေး+ ဖုန်းဘေ
- အကျင့်စာရိတ္တ ကောင်းမွန်ရမည်။
စိတ်ပါဝင်စားပါက finance@apexand.com သို့  E-mail ပေးပို့နိုင်ပါသည်။ ခြံအမှတ်(2)၊ မြေနုလမ်း၊  စမ်းချောင်းမြို့နယ်၊ မြို့ထဲလာတဲ့ဘက် ဟံသာဝတီကားမှတ်တိုင်ဘေးလမ်း သို့ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။ ဖုန်းနံပါတ် 09767482857, 09 425020837သို့လဲ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Tuesday, August 13, 2019

TI Document Controller -Female (Urgent Posts for MDY)

-TI Document Controller -Female (Urgent Posts for MDY)
-Type of Business-Telecom
-Salary - Negotiable (Depends on experience)
Requirements
-Location-Mandalay
-Bachelor/Degree in Engineering
-Minium 0 to 2+ year working experiences in related field
-Computer literate for reporting puposes
-Proficient in English (Speaking,Writing,Speaking & Reading)
-Able to work under pressure
-Good communication skills,team work

Interested candidates can submit CV form and attach relevant supportive documents to the described
Email: accounts@assuresoultion.com

Phone: 09797037121(viber)

Don't be late to submit your CV

Sunday, August 11, 2019

Microwave Equipments Season1 Episode2 - Types

MW equipment တွေကို အမျိုးအစားခွဲ ကြည့်ကြတဲ့အခါ သုံးမျိုးတွေ့ရပါတယ်
ဘယ်အမျိုးအစားတွေကို တွေ့ဖူးလဲဆိုတာ မန့်သွားကြပါဦး

TI Document Controller -Female (2) Posts

TI Document Controller -Female (2) Posts
Location-Bahan Township,Yangon.
Requirements
-Minium 1.5 to 2+ year working experiences in related field

Kindly share your resume on
E-mail - hr@assuresolution.com
Phone no-09 797037121(viber)

Tuesday, August 6, 2019

အင်ဂျင်နီယာတွေကို အကြံပေးချင်တာက ကန်ပနီတစ်ခုတည်းမှာ ၃ နှစ်ထက်ပိုပြီး ကြာကြာမလုပ်စေချင်ပါဘူး။

အင်ဂျင်နီယာတွေကို အကြံပေးချင်တာက ကန်ပနီတစ်ခုတည်းမှာ ၃ နှစ်ထက်ပိုပြီး ကြာကြာမလုပ်စေချင်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ Employer Trend တွေပြောင်းလဲ လာလို့ပါ။ ဟိုအရင်ကတော့ ကန်ပနီတစ်ခုမှာ အကြာကြီး အလုပ်လုပ်ပေးရင် ဒီလူဟာ ကန်ပနီအပေါ်သစ္စာရှိတယ်၊ ကန်ပနီအတွက်အားကိုးရတဲ့ စီနီယာတစ်ယောက်ဖြစ်တယ် ဆိုပြီး long service award ပါ ပေးချင်ကြတာ။

ခုကြတော့ မတူတော့ဘူး။

၃ နှစ်ကျော် ၄ နှစ်လောက်လုပ်ပေးရင် ဘယ်လိုစထင်လာကြလဲဆိုတော့
' ဒီကောင် ဒီကောင်မလေး အဆင်ပြေနေလို့ လုပ်နေတာ လစာတိုးပေးစရာမလိုဘူး ' လို့မြင်တယ်။

အဲလိုမဟုတ်ရင် ဘယ်လိုထပ်မြင်လဲဆိုတော့ တခြားမှာ အလုပ်မလုပ်ရဲ ၊ တခြားအလုပ်မရှာရဲလို့
ကုတ်ကတ်လုပ်နေတယ်လို့ မြင်ပြန်ရော။

လူဟောင်းတွေမရှိလည်းလူသစ်တွေနဲ့ လုပ်မယ်၊ လူဟောင်းတွေဟာ ပြောရဆိုရ ခက်လာတယ် ၊ ကွန်ပလိန်းတွေ တက်တယ် ဆိုပြီး မကြည်ဖြူချင်ဘူးဖြစ်လာတယ်။

အဲဒီလို အလုပ်ပတ်ဝန်းကျင်မျိုး ကြုံလာ၊ ဖြစ်လာရင် ရဲရဲကြီးသာ အလုပ်ထွက်လိုက်ပါ။ နံနက်ခင်းမှာ အလုပ်သွားဖို့ ခြေလှမ်းတွေ နှေးနေရင်၊ စိတ်တွေလေးနေရင် အလုပ်သာ ထွက်လိုက်ပါ။ စိတ်ထဲမှာလည်း လွမ်းလောက်စရာမရှိဘူးလို့ မှတ်ယူလိုက်ပါ။

အင်ဂျင်နီယာတစ်ယောက်အနေနဲ့ ငယ်ရွယ်စဉ်တုန်းမှာ အတွေ့ကြုံသစ်အမြဲရှာပါ။ ၃ နှစ် ၄ နှစ်ဆိုရင် ကိုယ်လုပ်နေကြအလုပ်လည်းဖြစ်လာလို့ လုပ်ငန်းခွင် အခက်ခဲမရှိတော့ပေမယ့် ဒါက comfort zone ထဲကျောက်ချဖို့ လုပ်နေတဲ့သဘောပါဘဲ။

အလုပ်ပြောင်းပါ၊
ရှေ့အလုပ်နဲ့ နောက်လာမယ့်အလုပ်
မတူညီတဲ့ အလုပ်ဖြစ်နေရင် ပိုကောင်းတယ်။

ကိုယ့်ရဲ့ professional career ကို ကောင်းကောင်း တည်ဆောက်ပါ။ career ဆိုတာ life တစ်ခုဖြစ်ချင်မှဖြစ်မှာ ။ လူဟောင်း ၊ အလုပ်ဟောင်း ၊နေရာဟောင်း ၊ comfort zone အဟောင်းတွေက လွမ်းလောက်စရာ တကယ်ကို မရှိတာပါ။

Professional တစ်ယောက်ဖြစ်နေရင် employer ကို ကြောက်စရာမလိုပါ၊ မသိမသာရော ၊ သိသိသာသာ စော်ကားလာတဲ့ အခြေနေထိ အရောက်မခံကြပါနဲ့။

သမားဆို အိုမှ ဆိုပေမယ့်၊

' အင်ဂျင်နီယာဆို ပျိုမှ '

အဲဒါလေးမှတ်ထားကြ။ ;)

Crd Zay Myo Lin

Telecom Power System မှ Basic Generator part? ??? Generator တစ်လုံးကို ကြည့်မယ်ဆို ပထမဆုံး တွေ့ရမှာ ကတော့ 1) Generator ရဲ့ body ကြီးပေါ့

Telecom Power System မှ

Basic Generator part? ???

Generator တစ်လုံးကို ကြည့်မယ်ဆို
ပထမဆုံး တွေ့ရမှာ ကတော့

1) Generator ရဲ့ body ကြီးပေါ့
2) Generator Controller
3) Engine - Fuel system
4) Alternator ( Dyanmo) - AC output system
5)Fuel Tank
6)Cooling System
7) Generator Battery and Battery Charger
8) Filter System

1) Generator Body
Generator ရဲ့ Body ကတော့ ရှင်းပါတယ်
သူ့ပုံစံက စတုရန်း ပုံ နဲ့တည်ဆောက်ထားပါတယ်
အဲ့ ဒီ စတုရန်း ပုံကို colour မျိုးစုံ အရွယ်အစားမျိုးစုံနဲ့ တွေ့ရမှာပါ

2)Generator Controller
-အဲ့ဒိအပိုင်းကတော့ DG တစ်ခုလုံးကို ထိန်းချုပ်ထားတယ်
DG ကို start လုပ်မလား
Stop လုပ်မလား
DG ကို Auto system နဲ့ အလိုအလျောက်နိုးမလား
Schodule နဲ့ Timer ပေးပြီ နိုးမလား ပိတ်မလား
-DG မှာ ပြသနာ တစ်ခု ခု ဖြစ်ပေါ်တဲ့အခါ Alarm အနေနဲ့ အဲ့ ဒိ controller မှာ ပေါ်ပါတယ်
စသဖြင့် ပေါ့ဗျာ 😃😃

3)Generator Battery and Charger
-Generator Battery ရဲ့ Vtg ကတော့ ပုံမှန် 12 V ရှိတယ်
Ah ကတော့ Engine အကောင်ရေပေါ်မူတည်ပြီး 60,65,70,80 Ah
ဆိုပြီး အမျိုးမျိုး ကွဲပြားသွားတယ်
-Generator တစ်လုံး စတင် အလုပ်ဖိုအတွက် Battery က မရှိမဖြစ်အရေးကြီးပါတယ်
- Battery supply မှာတော့ - negative ကို Ground ချပြီး
+ positive ကို supply ပေးထားပါတယ်
- DG controller မှာ start ဆိုပြီး စနိုးလိုက်တာနဲ့ stator motor က စလည်ပြီး Engine ပြီးစတင် အလုပ် လုပ်ပါပြီ

4)Engine - Fuel system
Engine တစ်ခု အလုပ်လုပ်ဖို့ အတွက် သန့်စင်နဲ့ ဆီ နှင့် သန့်စင်နဲ့ oxygen တို့ ရောသမ မွေပြီး အလုပ်လုပ်ပါတယ်
- Camshafts
- Rocker Arm
- Fuel Injection Pump
- Connecting Rod
- Piston
- Valve
- Cylinder Block
- Fly Wheel စသဖြင့် အဲ့ဒီ အစိတ်အပိုင်းတွေ နဲ့. Engine တစ်လုံး အလုပ်လုပ်ပါတယ်

5)Filter System
အဲ့ system ကတော့
သန့်စင်တဲ့ ဆီရဖို့ Fuel filer
သန့်စင်တဲ့ လေ ရဖို့ Air Filter
သန့်စင်တဲ့ engine oil ရဖို့ Oil filer သုံးပါတယ်

6)Fuel tank
ဆီကို သိုလှောင် ဖို့အတွက် သုံးတာပါ

7)Alternator
AC output ထွက်ဖို့အတွက် Engine နဲ့ ချိတ်ဆက်ပြီး လည်ပတ်တယ်

8)Cooling System
DG တစ်လုံး အပူဒဏ် ခံနိုင်ဖို့
အချိန်ကြာကြာ လည်ပတ်နိုင်ဖို့ အတွက် အဲ့ system သုံးထားပါတယ်
-Radiator မှာ Coolant ရည် ထည့်ပြီး engine အေးဖို့အသုံးပြုတယ်
-Fan နဲ့ လည်း engine အေးဖို့ အသုံးပြုတယ်
-Engine Oil အရည်ကလည်း engine အစိတ်ပိုင်းတွေ အေးဖို့ အတွက်လည်း အသုံးပြုထားတယ်

DG တစ်လုံးရဲ့ အခြေခံ သဘောတရားလေးတွေပါ
😃😃😃

Cmt မှာ ဗဟုသုတ လေးတွေ လိုအပ်ချက်လေးတွေ
ဆွေးနွေးမျှဝေဖို့တောင်းဆိုပါရစေ 😃😃

Call it. A day

Credit to Kyaw Htet Lynn

BurmaTelecom