Sunday, August 11, 2019

Microwave Equipments Season1 Episode2 - Types

No comments
MW equipment ေတြကို အမ်ိဳးအစားခြဲ ၾကည့္ၾကတဲ့အခါ သံုးမ်ိဳးေတြ႕ရပါတယ္
ဘယ္အမ်ိဳးအစားေတြကို ေတြ႔ဖူးလဲဆိုတာ မန္႔သြားၾကပါဦး


All Outdoor
All outdoor အမ်ိဳးအစားေတြဟာ ရွိသမွ် လုပ္ငန္းေဆာင္တာ အမ်ားစုကို ODU ကပဲ လုပ္ေဆာင္ပါတယ္
IDU က လာတဲ့ Data ေတြကို ODU ကေနၿပီး microwave signal အျဖစ္ တိုက္ရိုက္ေျပာင္းလဲေပးပါတယ္
All outdoor မွန္းသိသာေစတဲ့အခ်က္ကေတာ့ IDU နဲ႔ ODU ကို LAN or Ethernet Cable နဲ႔ ခ်ိတ္ဆက္ထားေလ့ရွိပါတယ္ လိုအပ္ခဲ့ရင္ fiber cable နဲ႔ပါ IDU နဲ႔ ODU ကို ခ်ိတ္ဆက္ထားမွာျဖစ္ပါတယ္

All Indoor
All indoor အမ်ိဳးအစားေတြမွာေတာ့ ရွိသမွ် လုပ္ငန္းေဆာင္တာ အမ်ားစုကို IDU ကပဲ လုပ္ေဆာင္ပါတယ္ ODU ပါေလ့မရွိပါဘူး
IDU နဲ႔ ODU ကို waveguide နဲ႔ ခ်ိတ္ဆက္ထားေၾကာင္းသိရပါတယ္
ျမန္မာႏိုင္ငံမွာေတာ့ မရွိသေလာက္ရွားတဲ့ အမ်ိဳးအစားပါ

Hybrid
သူကေတာ့ အသံုးအမ်ားဆံုး အမ်ိဳးအစားျဖစ္ပါတယ္ ODU နဲ႔ IDU ကို IF cable နဲ႔ ခ်ိတ္ဆက္ထားပါတယ္
IDU က ေန Data ေတြကို IF signal အျဖစ္ေျပာင္းလဲၿပီး ODU ကို ပို႔ေဆာင္ေပးပါတယ္
ODU ကေန IF signal ေတြကို Microwave Signal အျဖစ္ေျပာင္းလဲၿပီး ေလထုထဲကို ထုတ္လႊတ္ေပးပါတယ္


Mounting အေပၚမူတည္ၿပီးေတာ့လဲ အမ်ိဳးအစားႏွစ္မ်ိဳးကြဲပါေသးတယ္
Direct Mount
ODU နဲ႔ Antenna ကို တြဲၿပီးခ်ိတ္ထားတာမ်ိဳးပါ
Seperate Mount
ODU နဲ႔ Antenna ကို ခြဲၿပီးတစ္ေနရာစီမွာခ်ိတ္ထားတာမ်ိဳးပါ waveguide ကိုအသံုးျပဳၿပီးခ်ိတ္ဆက္ေလ့ရွိပါတယ္။

အားလံုးပဲ ဆက္လက္ေလ့လာႏိုင္ၾကပါေစ

*Telecom အေၾကာင္းေျပာၾကမယ္ အလုပ္ေတြ မွ်ေဝမယ္
Admin @



MW equipment တွေကို အမျိုးအစားခွဲ ကြည့်ကြတဲ့အခါ သုံးမျိုးတွေ့ရပါတယ်
ဘယ်အမျိုးအစားတွေကို တွေ့ဖူးလဲဆိုတာ မန့်သွားကြပါဦး


All Outdoor
All outdoor အမျိုးအစားတွေဟာ ရှိသမျှ လုပ်ငန်းဆောင်တာ အများစုကို ODU ကပဲ လုပ်ဆောင်ပါတယ်
IDU က လာတဲ့ Data တွေကို ODU ကနေပြီး microwave signal အဖြစ် တိုက်ရိုက်ပြောင်းလဲပေးပါတယ်
All outdoor မှန်းသိသာစေတဲ့အချက်ကတော့ IDU နဲ့ ODU ကို LAN or Ethernet Cable နဲ့ ချိတ်ဆက်ထားလေ့ရှိပါတယ် လိုအပ်ခဲ့ရင် fiber cable နဲ့ပါ IDU နဲ့ ODU ကို ချိတ်ဆက်ထားမှာဖြစ်ပါတယ်

All Indoor
All indoor အမျိုးအစားတွေမှာတော့ ရှိသမျှ လုပ်ငန်းဆောင်တာ အများစုကို IDU ကပဲ လုပ်ဆောင်ပါတယ် ODU ပါလေ့မရှိပါဘူး
IDU နဲ့ ODU ကို waveguide နဲ့ ချိတ်ဆက်ထားကြောင်းသိရပါတယ်
မြန်မာနိုင်ငံမှာတော့ မရှိသလောက်ရှားတဲ့ အမျိုးအစားပါ

Hybrid
သူကတော့ အသုံးအများဆုံး အမျိုးအစားဖြစ်ပါတယ် ODU နဲ့ IDU ကို IF cable နဲ့ ချိတ်ဆက်ထားပါတယ်
IDU က နေ Data တွေကို IF signal အဖြစ်ပြောင်းလဲပြီး ODU ကို ပို့ဆောင်ပေးပါတယ်
ODU ကနေ IF signal တွေကို Microwave Signal အဖြစ်ပြောင်းလဲပြီး လေထုထဲကို ထုတ်လွှတ်ပေးပါတယ်


Mounting အပေါ်မူတည်ပြီးတော့လဲ အမျိုးအစားနှစ်မျိုးကွဲပါသေးတယ်
Direct Mount
ODU နဲ့ Antenna ကို တွဲပြီးချိတ်ထားတာမျိုးပါ
Seperate Mount
ODU နဲ့ Antenna ကို ခွဲပြီးတစ်နေရာစီမှာချိတ်ထားတာမျိုးပါ waveguide ကိုအသုံးပြုပြီးချိတ်ဆက်လေ့ရှိပါတယ်။

အားလုံးပဲ ဆက်လက်လေ့လာနိုင်ကြပါစေ

*Telecom အကြောင်းပြောကြမယ် အလုပ်တွေ မျှဝေမယ်
Admin @

No comments :

Post a Comment

BurmaTelecom