မ်က္မွန္ပါဝါက်နည္း
မ်က္စိပါဝါတက္ေစတဲ့ အေၾကာင္းမ်ားစြာရွိတယ္။ လူငယ္အမ်ားစုက အေဝးမႈန္သမားေတြ ျဖစ္ၾကတယ္။ ဂိမ္း၊ တီဗြီ၊ ကြန္ပ်ဴတာစတဲ့ လွ်ပ္စစ္ပစၥည္းေတြရဲ႕အက်ဳိးဆက္ဆိုလည္း မမွားဘူး။ ဒီဖက္ေခတ္ အြန္လိုင္းနဲ႔ ေဖ့စ္ဘြတ္အလြန္အကၽြံေခတ္စားလာတာလည္း မီးေလာင္ရာ ေလပင့္ဆိုသလို ပိုဆိုးလာေစတယ္။ အထူးသျဖင့္ ဖုန္းနဲ႔စာၾကည့္တာ မ်က္စိကို ပိုထိခိုက္ေစတယ္။ အိပ္ေရးမဝတာကလည္း မ်က္စိကိုထိခိုက္ေစတဲ့ အေၾကာင္းတခုျဖစ္တယ္။ အိပ္ခ်ိန္ေကာင္းေကာင္းေပးဖို႔လိုတယ္။ ေနာက္တခုက စိတ္ဖိစီးမႈပါ။ စိတ္ဖိစီးမႈက ဇီဝကမၼေျပာင္းလဲေစရံုသာမက မ်က္စိႂကြက္သားတင္းျပီး မ်က္စိပါဝါတက္လာေစတယ္။ စိတ္ေရာ မ်က္စိကိုေရာ အနားေပးပါ။ ဥပေဒသ(၁) မ်က္စိပါဝါခ်ခ်င္ဖို႔ မ်က္စိကို ေကာင္းေကာင္းအနားေပးဖို႔ လိုပါတယ္။ ဖုန္း၊ကြန္ပ်ဴတာ၊ တီဗြီ screenကထြက္တဲ့ အလင္းစူးစူးေတြ ၾကည့္လို႔မရပါဘူး။ ကြန္ပ်ဴတာ ဖုန္းအၾကည့္မ်ားသူေတြအေနနဲ႔ brightness အလင္းကို တတ္ႏိုင္သမွ်ေလွ်ာ့ခ်ဖို႔ လိုပါတယ္။ အလင္းစူးစူးေတြက မ်က္စိႂကြက္သားကို ပိုက်ံဳ႕ေစတာေၾကာင့္ ပါဝါတက္လာတတ္တယ္။တခ်ိဳ႕အြန္လိုင္းစာမ်က္ႏွာေတြမွာ ေနကသိုဏ္းရႈဖို႔ ေျပာတာမ်ိဳး ရွိတယ္။ တကယ္က ေနေရာင္အပါအဝင္ ဘယ္အလင္းစူးစူးကိုမွ စိုက္ၾကည့္တာမ်ိဳး မလုပ္သင့္ဘူး။ အဲလိုျပဳလုပ္ျခင္းက အတြင္းတိမ္(cataract)ျဖစ္ေစရံုမက macular degeneration ေခၚတဲ့ မ်က္စိအျမင္အာရံုကို တျဖည္းျဖည္း ပ်က္စီးေစႏိုင္တယ္။ အျပင္သြားတဲ့အခါလည္း UVA and UVB rays 99% နဲ႔ 100% ၾကား ကာကြယ္တဲ့ မ်က္မွန္မ်ိဳး တပ္ထားရမယ္။ ဥပေဒသ(၂) ေနာက္အေရးႀကီးတဲ့တခ်က္က မ်က္စိ ေရဓာတ္အားျဖည့္ဖ္ို႔ ျဖစ္တယ္။ ေရဓာတ္ခမ္းေျခာက္မႈက မ်က္စိေျခာက္ကပ္တာ၊ မ်က္လံုးဝါးတာျဖစိႏိုင္တယ္။ အစိုဓာတ္ျပည့္ဝေနဖို႔ ေရမ်ားမ်ားေသာက္သင့္တယ္။ ဒီေနရာမွာ အမ်ားစု မွားေနတာေလးတခုကို ေဖာ္ျပပါရေစ မနက္ အိပ္ရာထထခ်င္း မ်က္ႏွာကို အရင္ဆံုးသစ္တာ မ်က္စိအတြက္ေတာ့ လံုးဝမေကာင္းဘူး။ တကယ္ လုပ္သင့္တာက ပါးစပ္ထဲေရတလုပ္အရင္ငံုလိုက္၊ ေနာက္ျပီးမွ မ်က္လံုးကို ဖြင့္ၿပီး ေရနဲ႔ပက္ျဖန္းရမွာ ျဖစ္ပါတယ္။ ဒီလိုျပဳလုပ္ျခင္းအားျဖင့္ မ်က္စိကို ေအးျမေစတယ္။ အေအးဓာတ္က တင္းရင္းေနတဲ့ မ်က္စိႂကြက္သားကို ေျပေလွ်ာ့ေစတာမို႔ မ်က္စိပါဝါက်ဆင္းလာႏိုင္တယ္လို႔ ဆိုတယ္။ ဒီအေလ့အက်င့္မ်ိဳးကို မနက္အိပ္ရာထတိုင္းလုပ္ဖို႔ လိုပါတယ္။ ဥပေဒသ(၃) မ်က္စိသေဘာက ဆယ္မိနစ္တခါအနားေပးရပါတယ္။ ဒီေနရာမွာ မ်က္စိအထူးကု Arun Sethi ေျပာတဲ့ အၾကံျပဳခ်က္ေလးက သိပ္ေကာင္းတယ္။ ဒီေန႔ေခတ္ လူငယ္ေတြဟာ ကြန္ပ်ဴတာ၊ဖုန္းစတဲ့ လွ်ပ္စစ္ပစၥည္းေတြ အလုပ္ေတြၾကားက႐ုန္းမထြက္ႏိုင္ၾကဘူးတဲ့။ အဲဒီအတြက္ အေကာင္းဆံုးအၾကံေပးခ်င္တာက တခုတည္းပါ။ မ်က္စိအားစိုက္ရတဲ့ အလုပ္မ်ိဳးမွာ ေခါင္းငံု႔ ေခါင္းေမာ့ ေလ့က်င့္ခန္းေလး အႀကိမ္ႏွစ္ဆယ္ေလာက္ လုပ္ေပးပါတဲ့။ ဒီေလ့က်င့္ခန္းက မ်က္စိနဲ႔ လည္ပင္းကို ေသြးေလွ်ာက္အားေကာင္းေစၿပီး မ်က္စိပါဝါခ်ရာမွာ အေထာက္ကူျပဳပါတယ္။ မ်က္စိေလ့က်င့္ခန္း (၁) မ်က္စိပါဝါက်ဖို႔ eye relaxation exercise ေလ့က်င့္ခန္းေတြလုပ္ရမယ္။ အရင္ဆံုး မိမိလက္ဖဝါးႏွစ္ဖက္ကို ပူလာေအာင္ အခ်င္းခ်င္းပြတ္ပါ။ ၿပီးရင္ မ်က္စိကိုပိတ္ၿပီး ပူလာတဲ့လက္ဖဝါးကို မ်က္လံုးေပၚဖိတင္ထားပါ။ စိတ္ထဲက မ်ကိစိႂကြက္သားေတြ ေလွ်ာ့ေနၿပီလို႔ ကိုယ့္ဘာသာ သေဘာထားပါ။ ဒီေလ့က်င့္ခန္းမ်ိဴးက အခ်ိန္မေပးႏိုင္ဘူးဆိုတဲ့ အိုင္တီသမားေတြ၊ကြန္ပ်ဴတာေရွ႕ နာရီေပါင္းမ်ားစြာ ထိုင္ေနသူေတြအတြက္ အလြန္ ေကာင္းပါတယ္။ စာေရးဆရာေတြနဲ႔ သင့္ေတာ္တယ္။ (၂) ေနာက္ေလ့က်င့္ခန္းတခုက မ်က္လံုးကို အထက္ေအာက္၊ဘယ္ညာ ကစားေပးရမွာျဖစ္တယ္။ အဲလိုလုပ္ဖို႔ အရင္ဆံုး မ်က္လံုးကို အေပၚလွန္ၾကည့္ပါ။ၿပီးရင္ နာရီလက္တံလည္သလို စက္ဝိုင္းပံုျဖည္းျဖည္းခ်င္း လွည့္ၿပီး ကစားပါ။ (၁၀) ႀကိမ္ရေအာင္ အရင္လုပ္ပါ။ ၿပီးရင္ အေပၚကိုၾကည့္ၿပီး နာရီလက္တံေျပာင္းျပန္ လားရာအတိုင္း မ်က္လံုးကို လွည့္ကစားပါ။ (၁၀)ႀကိမ္ပဲ လုပ္ရမွာျဖစ္တယ္။ ပါဝါသိပ္မတက္ေသးသူေတြအေနနဲ႔ မ်က္မွန္တခ်ိန္လံုး တပ္မထားသင့္ပါ။ သဘာဝအျမင္ကိုလည္း အားကိုးသင့္တယ္။အဆိုပါအခ်က္က မ်က္မွန္ပါဝါသမားေတြ မၾကာခဏေမးေလ့ရွိတဲ့ အၿမဲတပ္ထားရမွာလား ေမးခြန္းအတြက္ အေျဖလည္းျဖစ္ေနျပန္တယ္။ တခါတရံ မ်က္မွန္ခၽြတ္ထားသင့္တယ္။ Rule of 20 မ်က္စိအနားေပးတဲ့အခါ rule of 20 ဆိုတဲ့ ဥပေဒသတခု ရွိတယ္။ ဒီဥပေဒသအရ သင္ဟာ အာရံုစူးစိုက္ရတဲ့ အရာတခုကို အခ်ိန္ၾကာ ၾကည့္မယ္ဆ္ိုရင္ မိနစ္ႏွစ္ဆယ္ျပည့္တိုင္း ေပ (၂၀) မွာရွိတဲ့ ပစၥည္းတခုကို စကၠန္႔(၂၀)ၾကာ ၾကည့္ေပးပါတဲ့။ ဆိုလိုခ်င္တာက မိနစ္ (၂၀)တခါ ခပ္လွမ္းလွမ္းက အရာဝတၱဳကို စကၠန္႔(၂၀) ၾကည့္ၿပီး အေၾကာေျဖရမွာျဖစ္ပါတယ္။ ဒီနည္းက အျမင္အာရံုကို သိသိသာသာတိုးတက္လာေစတယ္။ အိမ္သံုးနည္း မ်က္စိပါဝါက်ေစတဲ့ အိမ္သံုးနည္းက သခြားသီးကပ္တာျဖစ္ပါတယ္။ ညအိပ္ခါနီးတိုင္း ေရခဲေသတၱာထဲထည့္ထားတဲ့ သခြားသီးကို ပါးပါးလွီးၿပီး မ်က္လံုးေပၚတင္အိပ္ပါ။ ေအးတဲ့ဓာတ္က မ်က္စိႂကြက္သားေျပေလွ်ာ့ေစၿပီး မနက္ပိုင္း အိပ္ရာထမွာ မ်က္လံုးကို ၾကည္လင္ေနမွာ ျဖစ္ပါတယ္။ အႏွစ္ခ်ဳပ္လိုက္ရင္ မ်က္စိအားေကာင္းေစဖိုု႔ အစားအေသာက္ေရြးခ်ယ္တတ္ရမွာျဖစ္ၿပီး မ်က္စိေလ့က်င့္ခန္း လုပ္ဖိုု႔ျဖစ္ပါတယ္။ အထူးသျဖင့္ ေန႔စဥ္ ၾကက္ဥတလံုး၊ ခ်ဥ္တဲ့သစ္သီးတမ်ိဳးမ်ိဳး (သံပုရာသီး၊လိေမၼာ္သီး၊ေရွာက္သီး)၊ မုန္လာဥနီတေတာင့္နဲ႔ စပ်စ္သီးတတြဲ စားေပးျခင္းအားျဖင့္ မ်က္စိပါဝါသိသိသာသာက်ဆင္းလာတာ ေတြ႕ရမွာ ျဖစ္ပါတယ္။ Credit ေဒါက္ေအးမင္းထူး . .
မျက်မှန်ပါဝါကျနည်း
မျက်စိပါဝါတက်စေတဲ့ အကြောင်းများစွာရှိတယ်။ လူငယ်အများစုက အဝေးမှုန်သမားတွေ ဖြစ်ကြတယ်။ ဂိမ်း၊ တီဗွီ၊ ကွန်ပျူတာစတဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့အကျိုးဆက်ဆိုလည်း မမှားဘူး။ ဒီဖက်ခေတ် အွန်လိုင်းနဲ့ ဖေ့စ်ဘွတ်အလွန်အကျွံခေတ်စားလာတာလည်း မီးလောင်ရာ လေပင့်ဆိုသလို ပိုဆိုးလာစေတယ်။ အထူးသဖြင့် ဖုန်းနဲ့စာကြည့်တာ မျက်စိကို ပိုထိခိုက်စေတယ်။ အိပ်ရေးမဝတာကလည်း မျက်စိကိုထိခိုက်စေတဲ့ အကြောင်းတခုဖြစ်တယ်။ အိပ်ချိန်ကောင်းကောင်းပေးဖို့လိုတယ်။ နောက်တခုက စိတ်ဖိစီးမှုပါ။ စိတ်ဖိစီးမှုက ဇီဝကမ္မပြောင်းလဲစေရုံသာမက မျက်စိကြွက်သားတင်းပြီး မျက်စိပါဝါတက်လာစေတယ်။ စိတ်ရော မျက်စိကိုရော အနားပေးပါ။ ဥပဒေသ(၁) မျက်စိပါဝါချချင်ဖို့ မျက်စိကို ကောင်းကောင်းအနားပေးဖို့ လိုပါတယ်။ ဖုန်း၊ကွန်ပျူတာ၊ တီဗွီ screenကထွက်တဲ့ အလင်းစူးစူးတွေ ကြည့်လို့မရပါဘူး။ ကွန်ပျူတာ ဖုန်းအကြည့်များသူတွေအနေနဲ့ brightness အလင်းကို တတ်နိုင်သမျှလျှော့ချဖို့ လိုပါတယ်။ အလင်းစူးစူးတွေက မျက်စိကြွက်သားကို ပိုကျုံ့စေတာကြောင့် ပါဝါတက်လာတတ်တယ်။တချို့အွန်လိုင်းစာမျက်နှာတွေမှာ နေကသိုဏ်းရှုဖို့ ပြောတာမျိုး ရှိတယ်။ တကယ်က နေရောင်အပါအဝင် ဘယ်အလင်းစူးစူးကိုမှ စိုက်ကြည့်တာမျိုး မလုပ်သင့်ဘူး။ အဲလိုပြုလုပ်ခြင်းက အတွင်းတိမ်(cataract)ဖြစ်စေရုံမက macular degeneration ခေါ်တဲ့ မျက်စိအမြင်အာရုံကို တဖြည်းဖြည်း ပျက်စီးစေနိုင်တယ်။ အပြင်သွားတဲ့အခါလည်း UVA and UVB rays 99% နဲ့ 100% ကြား ကာကွယ်တဲ့ မျက်မှန်မျိုး တပ်ထားရမယ်။ ဥပဒေသ(၂) နောက်အရေးကြီးတဲ့တချက်က မျက်စိ ရေဓာတ်အားဖြည့်ဖ်ို့ ဖြစ်တယ်။ ရေဓာတ်ခမ်းခြောက်မှုက မျက်စိခြောက်ကပ်တာ၊ မျက်လုံးဝါးတာဖြစိနိုင်တယ်။ အစိုဓာတ်ပြည့်ဝနေဖို့ ရေများများသောက်သင့်တယ်။ ဒီနေရာမှာ အများစု မှားနေတာလေးတခုကို ဖော်ပြပါရစေ မနက် အိပ်ရာထထချင်း မျက်နှာကို အရင်ဆုံးသစ်တာ မျက်စိအတွက်တော့ လုံးဝမကောင်းဘူး။ တကယ် လုပ်သင့်တာက ပါးစပ်ထဲရေတလုပ်အရင်ငုံလိုက်၊ နောက်ပြီးမှ မျက်လုံးကို ဖွင့်ပြီး ရေနဲ့ပက်ဖြန်းရမှာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် မျက်စိကို အေးမြစေတယ်။ အအေးဓာတ်က တင်းရင်းနေတဲ့ မျက်စိကြွက်သားကို ပြေလျှော့စေတာမို့ မျက်စိပါဝါကျဆင်းလာနိုင်တယ်လို့ ဆိုတယ်။ ဒီအလေ့အကျင့်မျိုးကို မနက်အိပ်ရာထတိုင်းလုပ်ဖို့ လိုပါတယ်။ ဥပဒေသ(၃) မျက်စိသဘောက ဆယ်မိနစ်တခါအနားပေးရပါတယ်။ ဒီနေရာမှာ မျက်စိအထူးကု Arun Sethi ပြောတဲ့ အကြံပြုချက်လေးက သိပ်ကောင်းတယ်။ ဒီနေ့ခေတ် လူငယ်တွေဟာ ကွန်ပျူတာ၊ဖုန်းစတဲ့ လျှပ်စစ်ပစ္စည်းတွေ အလုပ်တွေကြားကရုန်းမထွက်နိုင်ကြဘူးတဲ့။ အဲဒီအတွက် အကောင်းဆုံးအကြံပေးချင်တာက တခုတည်းပါ။ မျက်စိအားစိုက်ရတဲ့ အလုပ်မျိုးမှာ ခေါင်းငုံ့ ခေါင်းမော့ လေ့ကျင့်ခန်းလေး အကြိမ်နှစ်ဆယ်လောက် လုပ်ပေးပါတဲ့။ ဒီလေ့ကျင့်ခန်းက မျက်စိနဲ့ လည်ပင်းကို သွေးလျှောက်အားကောင်းစေပြီး မျက်စိပါဝါချရာမှာ အထောက်ကူပြုပါတယ်။ မျက်စိလေ့ကျင့်ခန်း (၁) မျက်စိပါဝါကျဖို့ eye relaxation exercise လေ့ကျင့်ခန်းတွေလုပ်ရမယ်။ အရင်ဆုံး မိမိလက်ဖဝါးနှစ်ဖက်ကို ပူလာအောင် အချင်းချင်းပွတ်ပါ။ ပြီးရင် မျက်စိကိုပိတ်ပြီး ပူလာတဲ့လက်ဖဝါးကို မျက်လုံးပေါ်ဖိတင်ထားပါ။ စိတ်ထဲက မျကိစိကြွက်သားတွေ လျှော့နေပြီလို့ ကိုယ့်ဘာသာ သဘောထားပါ။ ဒီလေ့ကျင့်ခန်းမျိူးက အချိန်မပေးနိုင်ဘူးဆိုတဲ့ အိုင်တီသမားတွေ၊ကွန်ပျူတာရှေ့ နာရီပေါင်းများစွာ ထိုင်နေသူတွေအတွက် အလွန် ကောင်းပါတယ်။ စာရေးဆရာတွေနဲ့ သင့်တော်တယ်။ (၂) နောက်လေ့ကျင့်ခန်းတခုက မျက်လုံးကို အထက်အောက်၊ဘယ်ညာ ကစားပေးရမှာဖြစ်တယ်။ အဲလိုလုပ်ဖို့ အရင်ဆုံး မျက်လုံးကို အပေါ်လှန်ကြည့်ပါ။ပြီးရင် နာရီလက်တံလည်သလို စက်ဝိုင်းပုံဖြည်းဖြည်းချင်း လှည့်ပြီး ကစားပါ။ (၁၀) ကြိမ်ရအောင် အရင်လုပ်ပါ။ ပြီးရင် အပေါ်ကိုကြည့်ပြီး နာရီလက်တံပြောင်းပြန် လားရာအတိုင်း မျက်လုံးကို လှည့်ကစားပါ။ (၁၀)ကြိမ်ပဲ လုပ်ရမှာဖြစ်တယ်။ ပါဝါသိပ်မတက်သေးသူတွေအနေနဲ့ မျက်မှန်တချိန်လုံး တပ်မထားသင့်ပါ။ သဘာဝအမြင်ကိုလည်း အားကိုးသင့်တယ်။အဆိုပါအချက်က မျက်မှန်ပါဝါသမားတွေ မကြာခဏမေးလေ့ရှိတဲ့ အမြဲတပ်ထားရမှာလား မေးခွန်းအတွက် အဖြေလည်းဖြစ်နေပြန်တယ်။ တခါတရံ မျက်မှန်ချွတ်ထားသင့်တယ်။ Rule of 20 မျက်စိအနားပေးတဲ့အခါ rule of 20 ဆိုတဲ့ ဥပဒေသတခု ရှိတယ်။ ဒီဥပဒေသအရ သင်ဟာ အာရုံစူးစိုက်ရတဲ့ အရာတခုကို အချိန်ကြာ ကြည့်မယ်ဆ်ိုရင် မိနစ်နှစ်ဆယ်ပြည့်တိုင်း ပေ (၂၀) မှာရှိတဲ့ ပစ္စည်းတခုကို စက္ကန့်(၂၀)ကြာ ကြည့်ပေးပါတဲ့။ ဆိုလိုချင်တာက မိနစ် (၂၀)တခါ ခပ်လှမ်းလှမ်းက အရာဝတ္တုကို စက္ကန့်(၂၀) ကြည့်ပြီး အကြောဖြေရမှာဖြစ်ပါတယ်။ ဒီနည်းက အမြင်အာရုံကို သိသိသာသာတိုးတက်လာစေတယ်။ အိမ်သုံးနည်း မျက်စိပါဝါကျစေတဲ့ အိမ်သုံးနည်းက သခွားသီးကပ်တာဖြစ်ပါတယ်။ ညအိပ်ခါနီးတိုင်း ရေခဲသေတ္တာထဲထည့်ထားတဲ့ သခွားသီးကို ပါးပါးလှီးပြီး မျက်လုံးပေါ်တင်အိပ်ပါ။ အေးတဲ့ဓာတ်က မျက်စိကြွက်သားပြေလျှော့စေပြီး မနက်ပိုင်း အိပ်ရာထမှာ မျက်လုံးကို ကြည်လင်နေမှာ ဖြစ်ပါတယ်။ အနှစ်ချုပ်လိုက်ရင် မျက်စိအားကောင်းစေဖိုု့ အစားအသောက်ရွေးချယ်တတ်ရမှာဖြစ်ပြီး မျက်စိလေ့ကျင့်ခန်း လုပ်ဖိုု့ဖြစ်ပါတယ်။ အထူးသဖြင့် နေ့စဉ် ကြက်ဥတလုံး၊ ချဉ်တဲ့သစ်သီးတမျိုးမျိုး (သံပုရာသီး၊လိမ္မော်သီး၊ရှောက်သီး)၊ မုန်လာဥနီတတောင့်နဲ့ စပျစ်သီးတတွဲ စားပေးခြင်းအားဖြင့် မျက်စိပါဝါသိသိသာသာကျဆင်းလာတာ တွေ့ရမှာ ဖြစ်ပါတယ်။ Credit ဒေါက်အေးမင်းထူး . .
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment