ဟယ်လို အဖေ
အဆောင်ခနဲ့ ကျူ ရှင်ခ ပေးရမှာမို့
၂သိန်းလောက် ပို့ပေးပါအုံး သုံးစရာလဲပြတ်နေပြီ
အေးအေး မနက်ဖြန် အဖေ ကားနဲ့ထည့်ပေးလိုက်မယ်
ဟုတ် အဖေ ဒါပဲနော်
သား ဘွဲ့ရအောင်.....တီတီတီ
ဖုန်းချသွားလေပြီ
သားရီး မနက်ဖြန် ငဝိုင်းပို့ပေးဖို့ အဖေ့ကို ပြောလိုက်ပြီ
၂ဆက်ရှင်လောက်တော့ ဒိုးကြရအောင်
လုပ်လိုက်လေ ကြာသလားလို့
ဟားးး
..........
ငါ့သားလေး ဘွဲ့ရအောင်တော့ ဖျစ်ညှစ်ပြီး ထားပေးရမယ် ငါ့လိုတော့ အဖြစ်မခံနိုင်ဘူး အဲ့ဒါမှ သူ့ဘဝရှေ့ရေး သာယာ ဖြောင့်ဖြူးနိုင်မှာ...
..........
ကိုဘမောင် ဘယ်ကနေဘယ်လို မျက်စိလည်လာတာလဲရှင်
ဒီကိုပဲ သက်သက်လာခဲ့တာ အစ်မ
ရှင့်သားဆီက ငွေတောင်းပြန်ပြီလား
ဟုတ်ပါတယ် အဲ့ဒါကြောင့် ကျွန်တော့်ဆိုင်ကယ်လေး အစ်မဆီမှာ ခဏ အပေါင်ထားချင်လို့ပါ
ရှင့်ဆိုင်ကယ်က ကောင်းရော ကောင်းသေးရဲ့လားရှင် ကျွန်မဆီပေါင်ထားပြီးမှ ပျက်နေပါအုံးမယ်
အကောင်းကြီးပါဗျာ
ကျွန်တော့်သား ငွေလိုနေလို့ လက်ထဲမှာလဲ ပေးစရာငွေမလုံလောက်လို့ အစ်မဆီအကူအညီတောင်းရတာပါ
ဟုတ်ပါပြီရှင် ဟုတ်ပါပြီ
ဒီလူနဲ့ ဒီလူ ပြောစရာ မလိုပါဘူး
ဒါနဲ့ ရှင့်သားက ကျောင်းမပြီးသေးဘူးလား
ဒီနှစ်ပြီးရင်တော့ ပြီးပါပြီ
ရှင့်မလဲနော် အဖေတစ်ခု သားတစ်ခုမို့သာပဲ ဒီသားလေး ကျောင်းထားရတာနဲ့ကို ရှိသမျှကုန်နေပါပြီ
ခုရော ဘယ်လောက်ယူမှာလဲ အားမနာပါနဲ့ လိုတဲ့ငွေကိုပြောပါ
အတတ်နိုင်ဆုံး ကျွန်မ ကြည့်ကြပ်ပြီး ပေးမှာပေါ့
ခဏပဲ ပေါင်ထားမှာဆိုတော့
၂ သိန်းလောက်ဆို အဆင်ပြေပါတယ်
ရှင်လိုတဲ့ပိုက်ဆံ ကျွန်မပေးလိုက်မယ်
လကြာသွားရင် အတိုးလေးတော့ ပေးပေါ့
ဟုတ် ပေးပါ့မယ်
ရှင်က ဆိုင်ကယ်ပေါင်လိုက်တော့ ဘယ်ဆိုင်ကယ်နဲ့ ကယ်ရီဆွဲမလဲ ကိုဘမောင်
တစ်ခြားအလုပ်လေး ဘာလေး ရှာလုပ်ရတော့မပေါ့ဗျာ
မဟုတ်တာ ရှင်
ရှင့်ဆိုင်ကယ်ရှင် ပြန်ယူသွားပါ ကယ်ရီဆွဲလို့ ရတဲ့ငွေလေးတွေ စုပြီးမှ ကျွန်မဆီပေးစရာ ရှိတာ လာလာဆပ်ပါ
တစ်ကယ် တစ်ကယ် ပြောတာလား မမမော်
ရှင်.....
ဆောရီးပါဗျာ ကျွန်တော် အပျော်လွန်သွားလို့ ခေါ်မိလိုက်တာပါ
ရော့ရော့ ရှင်လိုတဲ့ ငွေ ၂ သိန်း
ဟုတ်ကဲ့ ပြန်ခွင့်ပြုပါအုံး ကျေးဇူးတင်ပါတယ် အစ်မ
ကောင်းပါပြီရှင်
ကိုဘမောင်ရယ်
အရင်တုန်းက ရှင်သာ ကျွန်မကို ငြင်းပယ်မထားခဲ့ဘူးဆိုရင်လေ......
..........
ဒီလိုနဲ့
သားဖြစ်သူ BEဘွဲ့ရပြီး မကြာခင်မှာပဲ ဆောက်လုပ်ရေးတစ်ခုထဲမှာ site engineerအဖြစ် အလုပ်ရတယ်
ရှေ့ဆင့် နောက်ဆင့်ဆိုသလို ဘဝလက်တွဲဖော်ပါ ထပ်ရပြန်ပါတယ်
ရလာတဲ့ မဟေသီကလဲ အဝေးကြီးကဆိုတော့ ဖခင်ကို ထားခဲ့ပြီး လိုက်သွားပါတော့တယ်
နွေ မိုး ဆောင်း ရာသီစက်ဝန်းသာ အလီလီပြောင်းသွားခဲ့ရတယ်
..........
ငါ့သားလေး
အဖေ့ဆီကို ပြန်မလာတာ ခုဆို
၂နှစ်လောက်တောင် ရှိနေပြီ
အဆင်မှပြေပါ့မလား
အလုပ်တွေမအားလို့ နေမှာပါလေ
ဟယ်လို အဖေ့
ပိုက်ဆံလွှဲပေးထားတယ် သွားထုတ်လို့ရပြီ
အေးအေး
သား ....
သီတင်းကျွတ်ရောက်တော့မယ်
အဖေ့ဆီကို အလည်လေး ဘာလေးလာပါအုံးလား
သား အလုပ်အားမှပါလေ
အလုပ်တွေက ခုနောက်ပိုင်း အရမ်းများတယ်အဖေ သားလာလို့ အဆင်မပြေဘူး ခွင့်ရက်ကလဲ သိပ်မရဘူး
ပြီးတော့ အဖေ့ချွေးမကလဲ မပေါ့မပါးကြီးနဲ့
အေးပါ ကျန်းမာရေးကို ဂရုစိုက်နော်သား
ဟုတ် အဖေ ဒါပဲနော်...
..........
မောင်ရေ လာပါအုံး
ချစ်ဗိုက်တွေ အရမ်းနာနေပြီ
သူ့မိန်းမခေါ်သံကြားလိုက်ရတော့ estimateတွက်ရင်းကနေ ပြာပြာသလဲ ထသွားလိုက်တယ်
ဆေးရုံကို သွားဖို့ ပြင်စရာရှိတာ ပြင်ရင်းနဲ့
Taxiသမားကို ခေါ်ပြီး သွားလိုက်တယ်
ခွဲခန်းရဲ့ရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေရင်း နာ့စ်တစ်ယောက်ရဲ့ အသံကြားလိုက်မှပဲ
ရင်အေးရပါတော့တယ်
Congratulationsပါ
အစ်ကို ကလေး အဖေ ဖြစ်ပါပြီ
ဘာလေးလဲ ဆရာမ
ယောက်ျားလေးပါရှင် ယောက်ျားလေးပါ
သားလေးတဲ့လား ဝမ်းသာလွန်းလို့ ထကမိမတတ်ပါပဲ
ငါ့သားလေးအတွက် အရင်ကထက်ပိုပြီး အလုပ်တွေ ကြိုးစားရမယ်
ငါ့သားလေးရှေ့ရေးအတွက်ဆိုတဲ့ အတွေးပေါင်းစုံနဲ့ .......
..........
မောင်ရေ့ ကလေးပဲ နှိုက်မနေနဲ့အုံး
အလုပ်တွေ လစ်ဟင်းနေအုံးမယ်
အင်းပါ ချစ်ရဲ့
မောင်သိပါတယ်
သားကို အရမ်းချစ်တာပဲလား မောင်
ဘယ်လိုများ မေးလိုက်တာလဲ ချစ်ရယ်
သားလေးက မောင့်အသက် မောင့်ဘဝ
သားလေးကို လူတစ်လုံး သူတစ်လုံးနဲ့ ပညာတတ်ကြီးဖြစ်အောင် မောင် ကြိုးစားထားမှာ
မောင်
ပြောလေချစ်
မောင့်အဖေလဲ မောင့်ကို အရမ်းချစ်မှာပဲနော်
ဟင်....
မောင့်ကို သူ့ရင်ခွင်ထဲက ဆွဲထုတ်လာတာ ချစ်သနားမိတယ်မောင်
မောင့်ရဲ့အလုပ်ကို တစ်ရက်လောက်ဖျက်ပြီး အဖေ့ဆီကို ချစ်တို့ မိသားစု သွားပြီး ကန်တော့ရအောင်နော် မောင်
ချစ်ပြောပြမှ အဖေ့ကို သတိရတဲ့စိတ်က ထိန်းချုပ်မရအောင် ဖြစ်လာမိတယ်
ကိုယ်ကိုယ်တိုင် ဖခင်နေရာရောက်မှ အဖေတစ်ယောက်ရဲ့ ရင်ထဲက ခံစားချက်ကို ပိုပြီးနားလည်လာမိတယ်
အဖေ အဖေ အဖေ...
အဖေ ခုချိန်ဘာတွေများ လုပ်နေပါလိမ့်
နေလို့ရော ကောင်းလား
အဖေတစ်ယောက်ထဲ ဘယ်လိုနေပြီး ဘယ်လိုများ စားနေရရှာပါလိမ့်နော်
ချစ်ပြောတာ ကြားလားမောင်
ကြား ကြားပါတယ်ချစ်ရဲ့
လာမယ့် စနေနေ့မောင်တို့ သွားကြမယ်လေ
မောင်တို့လာမယ့်အကြောင်း အဖေ့ကို
ကြို ပြီးပြောပြမထားနဲ့နော်ချစ်
ဘာလို့လဲ မောင်ရဲ့
ဘာရယ်မဟုတ်ပါဘူး အဖေ့ကို ပိုပြီး ဝမ်းသာသွားစေချင်လို့ပါ
ကောင်းပါပြီတဲ့ ရှင်
ဒီလိုနဲ့ စနေနေ့မနက်ပိုင်း အဖေ့ဆီကို သွားခဲ့ကြတယ်
အိမ်ကိုရောက်တော့ အဖေ မရှိဘူး
အဖေ ဆိုင်ကယ် ကယ်ရီများ ဆွဲနေလို့လား မသိဘူးဆိုပြီး Taxiဂိတ်ကို လိုက်သွားတော့
ကျွန်တော်တို့ကို ကျောပေးပြီး ဆိုင်ကယ်အအိုလေးကို ပြင်နေတဲ့ အဖေ
အဖေ
ပထမတစ်ခါခေါ်တယ်
အဖေ
ဒုတိယ တစ်ခါခေါ်လိုက်တော့
အဖေ့လက်ထဲက ဆိုင်ကယ်ပြင်နေတဲ့ဂွကလေး လွတ်ကျသွားတယ်
အဖေ
တတိယတစ်ခါခေါ်လိုက်တော့မှ
ကျွန်တော်တို့ ဘက်ကို လှည့်ကြည့်လာတဲ့ အဖေ့ရဲ့ မျက်ဝန်းမှာ.......
သား သား ငါ့သား အဖေ့ဆီ လာတယ်နော်
အဖေရယ်
အဖေ့ကို ကျွန်တော်ထွေးပွေ့
ထားလိုက်ပါတော့တယ်
ဒီမှာ ဘယ်သူတွေပါလာလဲ ကြည့်ပါအုံး အဖေ
သမီးရော ပါလာတယ်လား
အဖေ အရမ်းပျော်တယ် သားတို့ သမီးတို့ရယ်
လက်ထဲက...
အဖေ့မြေးလေ အဖေ
ဘာလေးလဲ သမီး
ယောက်ျားလေး အဖေ
ငါ့မြေ့လေး နေပူနေလိမ့်မယ်
အဖေတို့ အိမ်ပြန်ကြရအောင်
အိမ်ရောက်မှ အေးဆေးစကားပြောကြတာပေါ့
အိမ်ရောက်တော့
အဖေ့ကို တစ်ခါထဲ ခေါ်ခဲ့ဖို့အတွက် မိန်းမကို တိုင်ပင်ခဲ့တယ်
ကြည်ကြည်ဖြူဖြူပါပဲ ခွင့်ပြုပေးခဲ့တယ်
အဲ့ဒါနဲ့ အဖေ့ကို အတူလိုက်ခဲ့ဖို့ ဖွင့်ပြောလိုက်တော့.....
ခဏတော့ အဖေတွေဝေ သွားတယ်
ငါ့သားနဲ့သမီး အဖေ့ကြောင့် ဝန်ထုတ် ဝန်ပိုး ဖြစ်နေပါအုံးမယ်
မဖြစ်ပါဘူးအဖေ သမီးတို့နဲ့ အတူလိုက်နေလှည့်ပါ
အဖေမလိုက်ရင် သမီးတို့ ဒီကနေ မပြန်တော့ဘူးနော်
အဖေ လိုက်ခဲ့ပါမယ် သားတို့ သမီးတို့ရယ်
လိုက်ခဲ့ပါမယ်
..........
သွားရအောင် အဖေ
ခဏလေးသား ဆိုပြီး ပြောပြောဆိုဆိုနဲ့ အပြင်ထွက်သွားလိုက်တယ်
..........
ကိုဘမောင် သားနဲ့ချွေးမလာလို့ အရမ်းပျော်နေတဲ့ ပုံပဲ
လာလာ ဒီမှာ လာထိုင်
ဘာကိစ္စပေါ်လာရပြန်တာတုန်း
ကိစ္စပေါ်လာလို့ လာတာမဟုတ်ပါဘူး
အစ်မကို လာနှုတ်ဆက်တာပါ
ရှင်....
ကျွန်တော် သားနဲ့ချွေးမရှိတဲ့ဆီကို လိုက်သွားတော့မယ်
အစစ အရာရာ ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးပါ အစ်မ
အင်းပါ ကိုဘမောင်ရယ် ရှင့်အတွက် ကျွန်မ ဝမ်းသာပါတယ်
သွားတော့မယ်နော် အစ်မ
ဟုတ်ကဲ့ပါရှင် ဟုတ်ကဲ့ပါ
ဪ ကိုဘမောင်ရယ်
ရှင့်ဘဝလေး အဆင်ပြေပြေ နေရတော့မှာဆိုတော့ ဘာပဲဖြစ်ဖြစ် ကျွန်မ ပျော်ပါတယ်ရှင် ပျော်ပါတယ်
.........
ဖိုးဖိုးကြီး ဆင်ကြီးလုပ်ပေး သားစီးမယ်
ဟေ ဖိုးဖိုး လုပ်ပေးမှာပေါ့ကွ
သားလေး ဖိုးဖိုးကို အဲ့လို မလုပ်ခိုင်းရဘူးလေ
ငရဲကြီးလိမ့်မယ်
ရပါတယ် သမီးရဲ့ အဖေ ခွင့်လွှတ်ပြီးသားပါ ငါ့မြေးလေး ပျော်နေရင် ပြီးတာပဲ
ဒီမြေးအဖိုးကတော့နော်.....
ကြည့်ပါအုံး ချစ်ရယ်
အဖေနဲ့သူ့မြေး ပျော်နေကြတယ်
ငယ်ငယ်ကတည်းက အဖေ့မေတ္တာငတ်နေတဲ့ချစ်
ခုလိုလေးနေရတာ စိတ်ချမ်းသာတယ်မောင်
အဖေတစ်ယောက် ကောက်ရလိုက်သလို ချစ်လဲ အရမ်းပျော်မိတယ်
သားနဲ့ ဆော့ကစားနေတဲ့ အဖေ့ကို ကြည့်ပြီး......
ရင်ထဲက စကားလုံးတစ်ချို့ ရေရွတ်မိတယ်
ငယ်ငယ်က ဆိုးခဲ့မိုက်ခဲ့ မသိတတ်ခဲ့သမျှတွေ အတွက် တောင်းပန်ပါတယ် အဖေ
သား သမီးအပေါ်ထားရှိတဲ့ အဖေတစ်ယောက်ရဲ့မေတ္တာကို သားသိတဲ့အချိန် နောက်ကျခဲ့တယ်အဖေ
ဒါပေမယ့် အဖေရယ် အဖေ့ရဲ့လက်ကျန်အချိန်တွေအတွက် သားတို့နဲ့အတူ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နေနိုင်အောင်
သားတို့ ကြိုးစားထားပါ့မယ်
အဖေ စိတ်ချမ်းသာစေရပါ့မယ်
အဖေ့ရဲ့ အထီးကျန်ဆန်ဆန်ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေအတွက် အတိုးပါဆပ်လို့ နွေးထွေးစေရမယ်လို့ ကတိပေးပါတယ် အဖေ...
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
ဒီစာလေးဆုံးအောင်ဖတ်ပြီးရင် သင့်ရဲ့အဖေကို သွားပြီးထွေးပွေ့ပေးပါ
မသေမချင်းလုပ်ရမယ့် အလုပ်
မအားသေးဘူး အချိန်မရဘူးဆိုတဲ့ ခေါင်းစဉ်လေးအောက်မှာ အစားထိုးလို့မရတဲ့ အဖေ့မေတ္တာတွေကို လျစ်လျူ မရှုလိုက်ပါနဲ့ သူငယ်ချင်း
မရှိမှတောင့်တနေတာထက်စာရင် ရှိနေတဲ့အချိန် ဂရုတစိုက်ပြုစုပေးတာ
လူသားဆန်တဲ့ လူတွေရဲ့ လုပ်ရက်ပါ သူငယ်ချင်းရေ
ကမ္ဘာပေါ်မှာ ရှိရှိသမျှ အဖေများအားလုံး
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံနိုင်ကြပါစေ🙏🙏🙏
🙏🙏🙏 Thaw Lin Paing 🙏🙏🙏
#Credìt by org:
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment