Tuesday, July 30, 2019

RF optimizationအကြောင်းအချက်လက်အချို့ 

No comments
RF optimizationအကြောင်းအချက်လက်အချို့ 

ဟိုတစ်လောက တစ်ယောက်မေးထာတာလေးကို သိသလောက်လေးအရိုးရှင်းဆုံးပြန်ဖြေပေးတာပါ။
Optimizationဆိုတာ မိုဘိုင်းကွန်ယက်မှာ ဖြစ်နေတဲ့၊ ဖြစ်လာနိုင်တဲ့ Drop Calls ၊ Handover Failure ၊ Overshooting Coverage နှင့် Poor Coverageအစရှိတဲ့ ပြဿနာဖြစ်နေတဲ့cell siteတွေကို ရှာဖွေတွေ့ ရှိဖို့ နဲ့ လုံလောက်တဲ့ဖြေရှင်းချက်တွေထွက်လာဖို့  လုပ်ဆောင်ခြင်း တနည်းအားဖြင့်ကွန်ယက်ရဲ့performanceကိုပိုမိုကောင်းမွန်အောင်လုပ်ဆာင်ခြင်းဖြစ်ပါတယ်။
Optimizationမှာ SSV (Single Site Verification)နဲ့ Cluster Optimization ဆိုပြီးနှစ်မျိုးခွဲပါတယ်။
SSVကတော့ ဆဲလ်ဆိုဒ်တာဝါတိုင်တစ်ခု တည်ဆောက်ပြီးတိုင်း အဲ့ဒီဆဲလ်ဆိုဒ်မှာ antennaတွေ၊ parameterတွေကို planလုပ်ထားတဲ့အတိုင်း တပ်ဆင်ထားရဲ့လားဆိုတာ အတည်ပြုခြင်းဖြစ်ပါတယ်။ အသေးစိတ်ပြောရရင် ဆိုဒ်က သတ်မှတ်ထားတဲ့ တည်နေရာ Lat/longမှာရှိမရှိ၊ Antennaတွေ planထားတဲ့အမြင့်မှာတပ်ဆင်ထားခြင်းရှိမရှိ၊ Antenna degree(Azimuth)ချိန်ထားပုံတွေ၊ Antenna tiltတွေ၊ Cell ID၊ LAC(Location Area Code)၊ RAC(Routing Area Code)၊ Frequency Band၊ ARFCN (Absolute Radio Frequency Channel Number)အစရှိသည်ဖြင့် စစ်ဆေးခြင်းဖြစ်ပါတယ်။ SSVမှာက Static testနှင့်Mobility testဆိုပြီးနှစ်မျိုးရှိပါတယ်။ Static testကတော့ Antenna azimuth တစ်ခုချင်းစီရဲ့ တည်နေရာဘက်မှာနေပြီး အပေါ်မှာပြောထားတဲ့အချက်လက်တွေကိုစစ်ဆေးပြီး voice call (short call)၊ SMS၊ ping test ၊ download uploadတွေအလုပ်လုပ်မလုပ်ကိုပါ စစ်ဆေးပါတယ်။ Mobility testမှာတော့ အဲ့ဒီဆိုဒ်ရဲ့ ပတ်လည်လမ်းကြောင်းအချို့ ကားကိုပါတ်မောင်းပြီး coverage levelနဲ့ quality၊ သတ်မှတ်ထားတဲ့ antenna sector မှာcell ID numberတွေ မှန်မမှန်၊ ဖုန်းတစ်လုံးမှ နောက်တစ်လုံးကို(long call) ခေါ်ပြီး Cellတစ်ခုမှ နောက်တစ်ခု handover ဖြစ်မဖြစ်စသဖြင့် စစ်ဆေးပါတယ်။ Optimizationရဲ့ first stepဆိုရင်လည်းမမှားပါဘူး။ ဆိုဒ်တိုင်းမှာ SSVမပြီးသေးပဲနဲ့ Cluster Optimizationလုပ်လို့ မရပါ။
Cluster Optimizationကတော့ ဆဲလ်ဆိုဒ်တာဝါတိုင်တွေ ဆောက်ပြီးSSVပြုလုပ်ပြီးတဲ့ ဆိုဒ်တွေကို စုစည်းပြီး cluster တစ်ခုစီဖွဲ့ ပြီးတော့လုပ်ဆောင်ပါတယ်။ Clusterတစ်ခုမှာ ဆိုဒ်ဘယ်နှစ်ဆိုဒ်ထားမယ်ဆိုတာကတော့ ဆိုဒ် တည်နေရာနဲ့ areaအပေါ်မူတည်ပြီးအဆင်ပြေသလိုခွဲနိုင်ပါတယ်။ ဆဲလ်ဆိုဒ်နှစ်ဆိုဒ်နဲ့ clusterတစ်ခုဖြစ်နိုင်သလို၊၁၀ဆိုဒ်၁၅ဆိုဒ်လောက်ရှိတဲ့clusterမျိုးလည်းရှိနိုင်ပါတယ်။ သက်ဆိုင်ရာoperatorတွေရဲ့ area၊ location၊ priority သတ်မှတ်ချက်အပေါ်ပဲမူတည်ပါတယ်။ Cluster Optimizationမှာ SSVလိုမျိုး တစ်ဆိုဒ်ချင်းစီရဲ့ parameterတွေကို မစစ်တော့ပဲ pilot pollution၊ ဆိုဒ်တစ်ဆိုဒ်နဲ့ နောက်တစ်ဆိုဒ် handoverဖြစ်မဖြစ်၊ call dropဖြစ်မဖြစ်တို့ ကိုစစ်ဆေးပါတယ်။ ပြဿနာတစ်ခုခုဖြစ်ခဲ့ရင် ဖြစ်တဲ့နေရာနဲ့ သက်ဆိုင်တဲ့ ဆဲလ်ဆိုဒ်မှာ Antenna azimuthပြောင်းတာတို့ ၊ tiltပြောင်းတာ၊ Antenna heightပြောင်းတာ၊ Transmit Power adjustလုပ်တာတွေ ၊ ဥပမာ-တစ်ခုပေးရရင် coverage area မှာ weakဖြစ်နေရင်သက်ဆိုင်ရာ cellက antennaကို downtilt/uptiltချိန်တာ ၊ transmit powerကို တင်ပေးတာပဲဖြစ်ဖြစ် ဖြေရှင်းနိုင်ပါတယ်။ KPI(Key Performance Indicator)တွေကိုလည်းစစ်ဆေးပါတယ်။ KPIမှာ Drive test KPIနဲ့ OSS KPIဆိုပြီးနှစ်မျိုးရှိပါတသေးတယ်။ KPIအကြောင်းအသေးစိတ်ကိုတော့ နောက်မှထပ်တင်ပေးပါမယ်

No comments :

Post a Comment

BurmaTelecom