RAN နဲ့ core ကြားက အခေါ်အဝေါ်တစ်ချို့ကိုပါ
2G
BTS နဲ့ BSC ကြားမှာ Abis interface နဲ့ ချိတ်ဆက်ထားပါတယ်
Site Abis control link broken ဆိုတဲ့ alarm ဟာ ဒါကြောင့်ပေါ်တာပါ NOC သမားတွေတော့ သိကြမယ်ထင်ပါတယ်
ဒီအထိက RAN ပိုင်းပါ
အောက်က နှစ်ခုက core နဲ့ RAN ကြားက ချိတ်ဆက်မှုပါ
BSC ကနေ CS core ကို A interface နဲ့ ချိတ်ဆက်ထားပါတယ်
BSC ကနေ PS Core ကိုတော့ Gb interface နဲ့ ချိတ်ဆက်ထားပါတယ်
3G
NodeB နဲ့ RNC ကြားမှာ Lub interface နဲ့ချိတ်ဆက်ထားပါတယ်
ဒီအထိက RAN ပိုင်းပါ
အောက်က နှစ်ခုက core နဲ့ RAN ကြားက ချိတ်ဆက်မှုပါ
RNC ကနေ CS Core ကို LuCS interface
RNC ကနေ PS Core ကို LuPS interface စသဖြင့် ချိတ်ဆက်ထားပါတယ်
4G
eNodeB နဲ့ PS core ကြားမှာတော့ S1 interface နဲ့ ချိတ်ဆက်ထားပါတယ်
4G မှာ CS core မရှိပါဘူး
တစ်ခုသိထားရမှာက ဒီချိတ်ဆက်မှုတွေ အားလုံးဟာ
Transport System or Transmission ပေါ်ကပဲ ဖြတ်သန်းသွားမှာဖြစ်ပါတယ်
တိုက်ရိုက်ချိတ်ဆက်ထားတာမဟု
ဥပမာပေးရရင် ကုမ္မဏီတစ်ခု ရန်ကုန်ရုံးကနေ နယ်ရုံးခွဲတစ်ခုကို ပစ္စည်းပို့ရင် ကြားက delivery service ယူရသလိုပါပဲ
Delivery service က ကုမ္မဏီအများကြီးကို service ပေးသလိုမျိုးပဲ
Transmission or Transport System များကလဲ 2G 3G 4G voice data တင်မကပဲ
FTTH DIA wireless broadband စတဲ့ service တွေကိုပါ အထောက်အပံ့ပေးပါတယ်
ဆက်လက်လေ့လာနိုင်ကြပါစေ
ရေးသားသူ Admin@
ပုံအင်တာနက်

No comments :
Post a Comment