Equipment များအကြောင်းလေ့လာကြတဲ့အခါ...
Equipment များအကြောင်းလေ့လာကြတဲ့အခါ function တွေကို စပြီး လေ့လာရပါတယ်
ပြီးမှ card အမည်တွေ board အမည်တွေနဲ့ ပြန်တွဲပေးရပါတယ်
ဥပမာ BBU အကြောင်းလေ့လာတဲ့အခါမှာ
BBU တစ္ခုဟာ
baseband signal တွေကို process လုပ်ရမယ်
RRU တွေနဲ့ ချိတ်ဆက်ဖို့ interface တွေပါရမယ်
Laptop နဲ့ onsite login ဝင်ဖို့ interface တစ်ခု ပါရမယ်
Transport System(Transmission ပိုင်း) နဲ့ ချိတ်ဆက်ဖို့ interface တစ်ခုပါရမယ်
Configuration တွေကို သိမ်းဆည်းရမယ်
BBU ကို control လုပ်ရမယ်
Fan ပါရမယ် Power ပေးရမယ်
စသဖြင့် သိထားရင် ဘယ် vendor ပဲ လာလာလေ့လာနိုင်မှာဖြစ်ပါတယ်
Card Name တွေကို စမှတ်ရင် vendor တူပြီး model မတူရင်တောင် လည်နေပါလိမ့်မယ်
Admin ကိုယ်တွေ့မလို့ပါ
အောက်ကပုံမှာဆိုရင် ZTE BBU တစ်ခုကို အစမ်းပြထားပါတယ်
ညာဖက်အစွန်မှာက FAN ပါ
ဘယ်ဖက်အစွန်ရဲ့ အလယ်က Power Board ပါ
ဘယ်ဖက်အောက်ဆုံးမှာက
CC or control card ပါ
Laptop နဲ့ Login ဝင်ဖို့
Transport System နဲ့ ချိတ်ဖို့
Config တွေ သိမ်းဖို့
BBU ကို control လုပ်ဖို့ လုပ်ဆောင်ပါတယ်
CC ရဲ့ အပေါ်က FS card ပါ
FS card ကတော့ RRU နဲ့ ချိတ်ဆက်ဖို့ပါ
FS card ရဲ့ ဘေးကတော့ BPC ပါ
Baseband Processing card ပါ
နာမည်ကြားယုံနဲ့ ဘာအလုပ်လုပ်မယ်ဆိုတာ သိလောက်မယ်ထင်ပါတယ်
...........
ဒီ post က အပေါ်မှာတင်ပြီးပါပြီ
ဒီအောက်ပိုင်းက admin လဲ သိပ်မသဲကွဲပါဘူး
တစ်ခြား equipment တွေ လေ့လာတဲ့ အခါအထောက်အကူဖြစ်စေဖို့ ရေးပေးတာပါ
အပေါ်ယံ overview လေး ရေးပေးတာပါ အမှားများနိုင်ပါတယ်
ဖတ်လိုကဖတ်ပါ မဖတ်လိုကလဲ ကျော်သွားကြပါ
ZTE နဲ့ Huawei က အလုပ်လုပ်ပုံဆင်တူပါတယ်
Chasis or Board တစ်ခုထဲကို card တွေ စိုက်မယ် licenes တင်မယ် 2G 3G 4G အစုံသုံးမယ် ဒါမျိုးပါ
Nokia ကျတော့ frquency band အလိုက် Chasis ကွဲပါသတဲ့
900MHz တစ်ခု 2100MHz တစ်ခု စသဖြင့်
Ericsson မှာကျတော့ technology အလိုက်ခွဲပါသတဲ့
DUG - GSM or 2G အတွက်
DUW - WCDMA or 3G အတွက် စသဖြင့်
Chasis ကွဲပါသတဲ့
ဟာ BBU နှစ်ခုတောင်ဟဆိုပြီးကြောင်သွားမှာ စိုးလို့ပါ
Written By Admin @
Credit
No comments :
Post a Comment