(အကျဉ်းချုပ်)
၁။ ၂၀၁၃ခုနှစ် နောက်ပိုင်းကာလတွင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍ ကြီးမားစွာပြောင်းလဲခြင်း
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍသည် နှစ်အနည်းငယ်အတွင်းမှာပင် ကြီးမားစွာ ပြောင်းလဲလာခဲ့ပါသည်။ ၂၀၁၂ခုနှစ်ပိုင်းအထိ မြန်မာနိုင်ငံ၏ဆက်သွယ်ရေးလုပ်ငန်းကို မြန်မာ့ဆက်သွယ်ရေး Myanma Posts and Telecommunications(MPT) တစ်ခုတည်းကသာ ဆောင်ရွက်ခဲ့ပါသည်။ တစ်ခုတည်း ရပ်တည်လာခဲ့သော်လည်း အရည်အသွေးမှာ ကောင်းမွန်ခြင်းမရှိပဲ ဆက်သွယ်မှုခက်ခဲခဲ့ပါသည်။ ထို့အပြင်အသံကြည်လင်မှုမရှိခြင်း၊ ခေါ်ဆိုရခက်ခဲခြင်း စသည်တို့နှင့်လည်း ကြုံရပါ သည်။ထို့ကြောင့် မြန်မာနိုင်ငံ၏စီးပွားရေးတိုးတက်မှုတွင် ဆက်သွယ်ရေးစနစ် ကောင်းမွန်ခြင်းမရှိမှုမှာ အဟန့်အတား တစ်ရပ်ပင်ဖြစ်ခဲ့ရပါသည်။သို့သော် ၂၀၁၃ခုနှစ်တွင် နော်ဝေးနိုင်ငံ၏ တယ်လီနော(Telenor Myanmar Limited)နှင့် ကာတာနိုင်ငံ၏ အူရီဒူး(OoredooMyanmarLimited)တို့အား ဆက်သွယ်ရေး လိုင်စင်ခွင့်ပြုပေးခဲ့ခြင်း၊ KDDI မှ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းထံနည်းပညာ ပံ့ပိုးကူညီမှုစတင်ခဲ့ခြင်းတို့ကြောင့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလောကတွင်း၌ ကြီးမားစွာ ပြောင်းလဲလာခဲ့ပါသည်။ပြည်ပကုမ္ပဏီများ ဦးဆောင်ဝင်ရောက်လာခြင်းဖြင့်ဆက်သွယ်ရေး အခြေခံအဆောက်အအုံ နယ်ပယ်အတွင်း ရင်းနှီးမြုပ်နှံမှုများစဉ်ဆက်မပြတ်ပေါ်ပေါက်လာကာ ဆက်သွယ်ရေးကဏ္ဍအတွင်း သိသိသာသာ တိုးတက်ပြောင်းလဲလာလျက်ရှိပါသည်။ ဆက်သွယ်ရေးအခြေခံအဆောက်အအုံများထဲတွင် အထူးသဖြင့် တိုးတက်နေသောအပိုင်းမှာ မိုဘိုင်းဖုန်းဆိုင်ရာအခြေခံ အဆောက်အအုံ ဖြစ်ပါသည်။ ပြည်ပကုမ္ပဏီများ၏ ပမာဏကြီးမားသော ရင်းနှီးမြုပ်နှံမှုများ မဝင်ရောက်လာမီ၂၀၁၁ခုနှစ်ပိုင်းနှင့်ရင်းနှီးမြုပ်နှံမှုများဝင်ရောက်လာပြီး ၂၀၁၆ခုနှစ်နောက်ပိုင်းကာလတွင်အိမ်သုံး/ ရုံးသုံးဖုန်းများ၊ မိုဘိုင်း ဖုန်းများ၊broadbandများ သုံးစွဲသူဦးရေနှင့်ပြန့်နှံ့မှုနှုန်းကိုကြည့်လျှင် အိမ်သုံးဖုန်းများ သုံးစွဲမှုပမာဏသည် တစ်သောင်း ကျော်အထိလျော့နည်းသွားပြီး ပြန့်နှံ့မှုနှုန်းမှာလည်း (၁.၀၀%) မှ (၀.၉၄%) အထိကျဆင်းသွားကြောင်း တွေ့ ရှိရပါသည်။ ၎င်းအကြောင်းရင်းမှာ မြန်မာနိုင်ငံတွင်သာမန်အိမ်ထောင်စုတစ်စုအတွင်း အိမ်သုံးဖုန်းပိုင်ဆိုင်သူအရေအတွက်မှာ မရှိသလောက်နည်းပါးပြီး၊ရုံးတစ်ရုံးတွင်လည်း (၁) လုံး သို့မဟုတ်(၂) လုံးခန့်သာ ထားရှိသော အခြေအနေဖြစ်သောကြောင့် ဖြစ်ပါသည်။မြန်မာနိုင်ငံ၏ဆက်သွယ်ရေးကဏ္ဍသည် ၂၀၁၂ခုနှစ်ထိတိုင် ကောင်းမွန်သောအခြေအနေ မရရှိခဲ့သော်လည်း ၂၀၁၃ခုနှစ်တွင်မြန်မာနိုင်ငံတော်အစိုးရမှ နော်ဝေးနိုင်ငံ၏ တယ်လီနောနှင့်ကာတာနိုင်ငံ၏အူရီဒူးတို့ထံဆက်သွယ်ရေးလိုင်စင်ပေးအပ်ခဲ့ခြင်း၊ KDDIမှ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းထံနည်းပညာပံ့ပိုးကူညီမှုစတင်ခဲ့ခြင်း စသည့်အကျိုးကျေးဇူးများကြောင့်လျင်မြန်စွာတိုးတက်ပြောင်းလဲလာနေကြောင်း တွေ့ရှိရသည်။ မိုဘိုင်းဖုန်းအသုံးပြုနိုင်မှုပျံ့နှံ့မှုကိုကြည့်လျှင်လည်း ၂၀၁၁ခုနှစ်တွင်(၂%) ခန့်သာရှိခဲ့ရာမှ ၂၀၁၆ခုနှစ်တွင်(၈၉%) ခန့်အထိအဆ (၄၀)ခန့် တဟုန်ထိုး တိုးတက်လာကာ လူနေမှုဘဝနှင့် စီးပွားရေးလောကကို ကြီးမားစွာ ပြောင်းလဲသွားစေခဲ့ပါသည်။ယခုကာလတွင် အင်တာနက်အသုံးပြုနိုင်မှု ပြန့်နှံ့မှုနှုန်းနိမ့်သော်လည်း နောင်တွင်ပိုမိုကျယ်ပြန့်လာနိုင်မည့် အလားအလာရှိပါသည်။ ဤအချက်များကြောင့် ပြည်တွင်းသာမက ပြည်ပကုမ္ပဏီများလည်း အင်တာနက်ဝန်ဆောင်မှုဆိုင်ရာ လိုင်စင်ကိုရယူ၍ Broadbandဈေးကွက်သို့ ဝင်ရောက်လာလျက်ရှိပါသည်။ Broadband ပြန့်နှံ့မှုနှုန်းမြင့်မားပါက ပို့လွှတ်နိုင်သော ဒေတာပမာဏ ပိုမိုများပြားလာနိုင်သည့်အတွက် ဆက်သွယ်ရေးအခြေခံအဆောက်အအုံ ပိုမိုအဆင်ပြေစွာ အသုံးပြုလာနိုင်မည် ဖြစ်ပါသည်။ ဤအချက်တို့သည် အများပြည်သူတို့၏ လူနေမှုဘဝကို ပြည့်စုံစေပြီး စီးပွားရေးကဏ္ဍ ခေတ်မီ ဖွံ့ဖြိုးတိုးတက်စေခြင်းမှတဆင့်မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ စီးပွားရေးကဏ္ဍလည်း တိုးတက်လာစေနိုင်ပါသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍသည်နောင်အနာဂတ်တွင်မျက်ချေမပြတ်အာရုံစူးစိုက်ထားသင့်သော ကဏ္ဍတစ်ခုပင်ဖြစ်ပါသည်။
တစ်ဖက်တွင်မိုဘိုင်းဖုန်းအခြေအနေကိုကြည့်ပါက ၂၀၁၁ခုနှစ်တွင်သုံးစွဲသူဦးရေ (၁,၂၄၃,၆၁၉)ဦး၊ အင်တာနက်အသုံးပြုနိုင်မှုကျယ်ပြန့်မှုနှုန်း (၂.၃၈%) ဖြစ်ခဲ့ရာမှ ၂၀၁၆ခုနှစ်တွင်သုံးစွဲသူဦးရေ (၄၈,၇၂၈,၃၉၉)ဦးနှင့် အင်တာနက်အသုံးပြုနိုင်မှုကျယ်ပြန့်မှုနှုန်း (၈၉.၂၆%)အထိကြီးမားစွာ တိုးမြင့်လာကြောင်း တွေ့ ရှိရပါသည်။ အချိန်တိုအတွင်း ဤမျှလောက်များပြားလှသော သုံးစွဲသူဦးရေကို လွှမ်းခြုံနိုင်သည့် အခြေခံအဆောက်အအုံ ပြုပြင်တည်ဆောက်ရန်မှာ လွယ်ကူလှသည့် အခြေအနေမဟုတ်သည့်တိုင်ဈေးကွက်ချဲ့ထွင်မှုတလျှောက်အခက်အခဲများစွာ မရှိခဲ့သောကြောင့်အဆင်ပြေပြေ တိုးတက်နေသည်ဟုဆိုနိုင်ပါသည်။၎င်းမှာ ပြည်ပကုမ္ပဏီများ၏ နည်းပညာမြင့်မားမှုပြယုဂ်တစ်ခုဟုလည်း ဆိုနိုင်ပါသည်။ ဈေးကွက်ချဲ့ထွင်မှုနှုန်း အမြင့်မားဆုံးကာလမှာ ၂၀၁၄ခုနှစ်ဖြစ်ပါသည်။ အကြောင်းရင်းတစ်ခုမှာ ဈေးနှုန်းချိုသာသော SIM ကဒ်များပေါ်ထွက်လာမှုပင်ဖြစ်ပါသည်။ယခင်က မြန်မာနိုင်ငံတွင်SIM ကဒ်မှာ အင်မတန်ဈေးကြီးလှပြီး၊ မိုဘိုင်းဖုန်း ပိုင်ဆိုင်သူများမှာ လူကုံထံတစ်ချို့သာဖြစ်ခဲ့ရာမှ၂၀၁၄ ခုနှစ်တွင်ကျပ်၁၅၀၀ (ယန်း၁၅၀)ခန့်ရှိသော SIM ကဒ်များ ပေါ်ပေါက်လာပြီး မည်သူမဆိုဝယ်ယူနိုင်သော အနေအထားဖြစ်လာခဲ့ပါသည်။ထို့အပြင်အများပြည်သူတို့ သည်မိုဘိုင်းဖုန်းဝယ်ယူရန်ဆိုင်များတွင်စီတန်းကာ အလုအယက်ဝယ်ယူကြသည်ကိုလည်းမြင်တွေ့ ခဲ့ရပါသည်။ မိုဘိုင်းဖုန်းအား သုံးစွဲမှုပမာဏ အလွန်မြင့်တက်ခဲ့သော အချိန်ကာလတစ်ခုပင်ဖြစ်ခဲ့ပါသည်။ လက်ရှိတွင်မိုဘိုင်းဖုန်းသုံးစွဲသူအလွန်များပြားခဲ့သော အခြေအနေကျော်လွန်၍ မိုဘိုင်းဖုန်းဆိုင်များတွင်စီတန်းဝယ်ယူနေသည်ကို တွေ့ ရခဲသော်လည်း 4G ဝန်ဆောင်မှု စတင်မိတ်ဆက်ခြင်းနှင့် နောက်ဆုံးပေါ်နည်းပညာပါဝင်သော မိုဘိုင်းဖုန်းအမျိုးအစားများ ရောင်းချခြင်းတို့ကို ဆောင်ရွက်နေသောကြောင့်မိုဘိုင်းဖုန်းအပေါ်စိတ်ဝင်စားမှုဆက်လက်ဖြစ်ပေါ်နေဦးမည်ဟု ခန့်မှန်းရပါသည်။ယခုကဲ့သို့ မိုဘိုင်းဖုန်းများသည် မြန်မာပြည်သူတို့အကြား လျင်မြန်စွာ ပျံ့နှံ့လာမှုသည်နေ့စဉ်လူနေမှုဘဝအတွင်း မရှိမဖြစ်လိုအပ်နေခြင်းကို ပြသလျက်ရှိပါသည်။ မိုဘိုင်းဖုန်း ဝန်ဆောင်မှုနယ်ပယ်များသည်လည်း တဖြည်းဖြည်းကျယ်ပြန့်လာပြီးပြည်တွင်းအချက်အချာကျသော တိုင်းဒေသကြီးနေရာများတွင် ကောင်းမွန်စွာ အသုံးပြုနိုင်သော အခြေအနေဖြစ်လာပါသည်။ထို့အပြင်အာရှဒေသအတွင်း အသုံးပြုနိုင်သောနေရာများ ပိုမိုများပြားလာသောကြောင့်သုံးစွဲသူများ အဆင်ပြေလျှက်ရှိပါသည်။လက်တွေ့တွင်ဆက်သွယ်ရေးကဏ္ဍသည်တည်ငြိမ်လျက်ရှိပြီး စီးပွားရေးနယ်ပယ်တွင်လည်း တွင်ကျယ်စွာ အသုံးပြုလာသည့်အဆင့်အထိတိုးတက်ဖွံ့ဖြိုးလာလျက်ရှိပါသည်။မိုဘိုင်းဖုန်းဝန်ဆောင်မှုပေးနေသော ကုမ္ပဏီအရေအတွက်မှာ ၂၀၁၆ခုနှစ်တွင်MPT၊ တယ်လီနော၊ အူရီဒူးဟူ၍ ကုမ္ပဏီ(၃) ခုရှိခဲ့ရာမှ၂၀၁၇ခုနှစ်ဇန်နဝါရီလတွင်ဗီယက်နမ်နိုင်ငံမှViettel က အရင်းအနှီးထည့်ဝင်ထားကာ မြန်မာပြည်တွင်းကုမ္ပဏီဖက်စပ်ကုမ္ပဏီဖြစ်သည့် Myanmar National Tele & Communications Co., Ltd (Mytel)မှ (၄)ခု မြောက် ကုမ္ပဏီအဖြစ်ဆက်သွယ်ရေး လိုင်စင်ကိုရရှိခဲ့ပါသည်။ Mytelသည်အမေရိကန်ဒေါ်လာ (၂) ဘီလီယံခန့်ရှိသော ရင်းနှီးမြှုပ်နှံမှုဖြင့်၂၀၁၈ခုနှစ် အတွင်း လုပ်ငန်းစတင် လည်ပတ်မည့်အစီအစဉ်ရှိပါသည်။ မြန်မာနိုင်ငံမိုဘိုင်းဖုန်းဈေးကွက်တွင် ပြည်တွင်း ကုမ္ပဏီ (၂)ခု၊
ပြည်ပကုမ္ပဏီ (၂)ခုတို့သည် ပိုမိုဈေးနှုန်းချိုသာပြီး ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးဆောင်သွားမည်၊ ယှဉ်ပြိုင်
သွားကြမည်ဆိုပါက နောင်အနာဂတ်တွင်ပိုမိုတိုးတက်လာနိုင်မည်ဟုဆိုနိုင်ပါသည်၊၊
၂။ Broadband ဈေးကွက်တွင် အခွင့်အလမ်းများရှိနေခြင်း
အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း မြန်မာနိုင်ငံမိုဘိုင်းဖုန်း အခြေခံအဆောက်အအုံမှာ ပြည်ပကုမ္ပဏီများ ဦးဆောင်မှု
ကြောင့် အလျင်အမြန်တိုးတက်နေသည့် အနေအထားတွင် ရှိနေပါသည်။ မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းဈေးကွက်တွင် စမတ်ဖုန်း
များက နေရာယူထားကြပါသည်။ မိုဘိုင်းဖုန်း အမျိုးအစားများတွင်တရုတ်နိုင်ငံမှHUAWEI နှင့်ကိုရီးယားနိုင်ငံမှ SAMSUNGတို့သည် ရှယ်ယာအများစုကို ရယူထားလျက်ရှိပြီး၊ အမျိုးအစားသစ်အများအပြားကို ရောင်းချလျက် ရှိပါသည်။ ထို့ကြောင့်
အဆိုပါ မိုဘိုင်းဖုန်းများ၏ အရည်အသွေးပြည့်မှီလာပြီး အသုံးပြုရ ပိုမိုအဆင်ပြေလာပါသည်။ အသုံးပြုရခြင်း၏ အဓိက
ရည်ရွယ်ချက်မှာ ဖုန်းခေါ်ဆိုမှုအပြင်Facebookနှင့်အင်တာနက်ပေါ်မှတစ်ဆင့် ဈေးဝယ်ခြင်း စသည်တို့ကြောင့် ဖြစ်ကြပါသည်။
သာမန်ပြည်သူ တို့၏ Facebook အသုံးပြုနှုန်းသည်အလွန်မြင့်မားလျက်ရှိုပြီး၊ ကြော်ငြာများအတွက်အသုံးပြုသော ကုမ္ပဏီ
များလည်း ရှိပါသည်။
သို့သော်မိုဘိုင်းဖုန်းအပြင်အခြားသော ဆက်သွယ်ရေးနည်းလမ်းများကိုကြည့်ပါက ထင်မှတ်သလောက်မဖွံ့ဖြိုးသေးဟု
ဆိုနိုင်ပါသည်။ အိမ်သုံး/ ရုံးသုံးဖုန်းများကို ကြည့်လျှင် သုံးစွဲမှုပမဏ ကျဆင်းနေကြောင်း သိနိုင်သလို နောင်တွင်လည်း
ကျယ်ပြန့်လာမည့် အလားအလာ မရှိပေ။ ယခုကာလတွင် ရင်းနှီးမြှပ်နှံရန် အထူးကောင်းမွန်သောကဏ္ဍမှာ Broadband
ဈေးကွက်ပင် ဖြစ်ပါသည်။ Broadband ကျယ်ပြန့်မှုနှုန်းသည် ၂၀၁၆ခုနှစ်တွင် (၀.၀၆%)သာ ရှိခဲ့ပြီး သုံးစွဲသူမှာလည်း (၃)
သောင်းကျာ်သာရှိခဲ့သည့်အတွက်အနာပတ်ကာလတွင်ပိုမိုကျယ်ပြန့်လာနိုင်ချေ များပါသည်။ ထို့ အပြင်Broadband ဈေးကွက်
တိုးချဲ့မနှင့်ဆက်စပ်သည့ှ်ု အင်တာနက်အသုံးပြုနိုင်မှုကျယ်ပြန့်မှုနှုန်းကိုကြည့်ပါက ၂၀၁၆ခုနှစ်တွင် (၂၀%)သာ ရှိခဲ့ပြီး၊ ရာခိုင်
နှုန်းနိမ့်ကျသည့်အဆင့်တွင်သာ ရှိခဲ့သည်။
အင်တာနက်အသုံးပြုနိုင်မှု ကျယ်ပြန့်မှုနှုန်းသည် ဂျပန်နိုင်ငံတွင် (၉၀%)၊ မလေးရှားနိုင်ငံတွင်(၇၀%)၊ ဗီယက်နမ်
နိုင်ငံတွင် (၅၀%) ရှိသောကြောင့် မြန်မာနိုင်ငံတွင်လည်း ဆက်လက် တိုးမြင့်နိုင်ချေ အပြည့်အဝရှိသည်ဟု ယူဆရပါသည်။
Broadband အခြေခံအဆောက်အအုံ ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်ဆောင်ရွက် သွားမည်ဆိုပါက အင်တာနက်
အသုံးပြုနိုင်မှု ကျယ်ပြန့်မှုနှုန်းလည်း တိုးတက်လာမည်မှာ မလွဲပင်ဖြစ်ပါသည်။ ဒေတာပမာဏများစွာ ၀န်ဆောင်မှု ပေးနိုင်
လေလေ အင်တာနက်မှ စီးပွားရေးလုပ်ငန်းအခွင့်အလမ်းများစွာအား ဖန်တီးပေးလာနိုင်လေလေ ဖြစ်မည်ဟု ယူဆပါသည်။
ဤအချက်ကို အခြေခံလျက် ပြည်တွင်းပြည်ပကုမ္ပဏီများစွာက ဆက်သွယ်ရေးလိုင်စင်ရရှိရန် အခြေခံအဆောက်အအုံများကို
တိုးချဲ့တည်ဆောက်ရန်နှင့်ဈေးကွက်တိုးချဲ့ ဆောင်ရွက်ရန်ပြင်ဆင်လျက်ရှိပါသည်။
ဆက်သွယ်ရေးအခြေခံအဆောက်အအုံ ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများအတွက် ပြည်တွင်းကုမ္ပဏီများကို အသုံး
ပြုလျှက်ရှိသော်လည်း ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုကိုလိုလား၍ ပြည်ပကုမ္ပဏီများကို အသုံးပြုသောအခါများလည်း
ရှိပါသည်။ အင်တာနက်နှင့်စပ်လျဉ်းသော ပြည်ပမှရင်းနှီးမြှုပ်နှံမှုပမာဏကို ကြည့်ပါက ဖိုင်ဘာကေဘယ်လ် တပ်ဆင်မှုနှင့်ပတ်သက်သော လုပ်ငန်းသည်ရာခိုင်နှုန်းအများဆုံးဖြစ်ပါသည်။ ဥပမာ-၂၀၁၆ခုနှစ်တွင်စင်ကာပူနိုင်ငံမှ အရင်းအနှီး ထည့်ဝင်
ထားသော Fiber Link Myanmar Company Limitedက (၈.၆) billion ဒေါ်လာခန့်ရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လုပ်ကိုင်ခွင့်ကို
ရရှိလျက် ရှိပါသည်။ ဤပမာဏသည် မြန်မာနိုင်ငံစီးပွားရေးအတွက် အလွန်များလှသော ပမာဏဖြစ်ပြီး၊ စီးပွားရေးဖွံ့ဖြိုး
တိုးတက်ရေးကိုလွန်စွာ အထောက်အကူပြုလျက်ရှိသည်ဟုဆိုနိုင်ပါသည်။
များမှာ မိုဘိုင်းဖုန်းကုမ္ပဏီ (၄)ခုနှင့် အခြားဆက်သွယ်ရေးကုမ္ပဏီများ အပါအဝင် စုစုပေါင်း(၁၃၇)ခု ရှိပါသည်။ အရေ
အတွက်များသည်ဟု ထင်ရသော်လည်း မြန်မာနိုင်ငံအနေနှင့် လိုင်စင်မယူထားလျှင် နောင်လိုင်စင်ရယူရန်ခက်ခဲကောင်း
ခက်ခဲနိုင်သည်ဟု ယူဆကြသောကြောင့် လိုင်စင်ရယူထားသော ကုမ္ပဏီများစွာ ရှိပါသည်။ ထို့ကြောင့် လက်တွေ့ဝန်ဆောင်မှု
စတင်ပေး နေသော ကုမ္ပဏီမှာ(၁၃၇)ခုထက်အတော်နည်းနေသည်ဟုထင်ရပါသည်။ ကုမ္ပဏီ(၁၃၇)ခုအနက်ပြည်တွင်း ကုမ္ပဏီ
(၉၄)ခုနှင့်ပြည်ပကုမ္ပဏီ(၄၃)ခုတို့ဖြင့်အသီးသီးဖြစ်ကြသည်။ ပြည်ပကုမ္ပဏီများအနက်စင်ကာပူနိုင်ငံမှကုမ္ပဏီသည်အများဆုံး
ဖြစ်ပါသည်။ အခြားနိုင်ငံများမှာ မလေးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ တရုတ်နိုင်ငံ စသည့်နိုင်ငံများမှ ကုမ္ပဏီ များက
ဦးဆောင်လျက်ရှိပါသည်။
မိုဘိုင်းဖုန်းကုမ္ပဏီ(၄)ခုသည် ရရှိထားသော ဆက်သွယ်ရေးလိုင်စင်အပြင် အင်တာနက်ဝန်ဆောင်မှုနှင့် စပ်လျဉ်းသော
ဆက်သွယ်ရေးလိုင်စင်များမှာ ပေးနိုင်သောဝန်ဆောင်မှုအပေါ် မူတည်၍(၄)မျိုး ခွဲခြားထားပါသည်။(၁)Application Service
Licence သည်ကြိုးတပ်ဆင်မှုဖြင့်အင်တာနက်ဝန်ဆောင်မှုကိုပေးနိုင်ခြင်း၊(၂)Network Service Licenceသည်ကြိုးမဲ့စနစ်ဖြင့်
အင်တာနက်ဝန်ဆောင်မှုပေးနိုင်ခြင်း၊( ၃ ) Network Facilities Services Licence (Class) သည် ဖိုင်ဘာနှင့် တာဝါ
စသည့်အင်တာနက်နှင့် စပ်လျဉ်းသောဝန်ဆောင်မှုကိုပေးနိုင်ခြင်း၊(၄)Network Facilities Services Licence (Individual)
သည်(၁) မှ(၃) အထိဝန်ဆောင်မှုအားလုံးကိုပေးနိုင်ခြင်းဟူ၍ ခွဲခြားထားပါသည်။
လိုင်စင်လျှောက်ရာတွင်လျှောက်လွှာကြေး၊ လိုင်စင်ကြေး၊ သက်တမ်းတိုးခ စသည့် အခကြေးငွေများ လိုအပ်ပါသည်။
ဥပမာ Network Facilities Services Licence (Individual) လိုင်စင်ဆိုပါက၊ လျှောက်လွှာကြေး သိန်းတစ်ရာကျပ်
(ဂျပန်ယန်းဖြင့် ၈သိန်းခန့်)၊ လိုင်စင်ကြေးသိန်းငါးရာကျပ် (ဂျပန်ယန်း သိန်း (၄၀) ခန့်)၊ သက်တမ်းတိုးခ သိန်းငါးရာကျပ်
(ဂျပန်ယန်း သိန်း(၄၀) ခန့်) ကျသင့်မည် ဖြစ်ပါသည်။ လိုင်စင်များ၏ သက်တမ်းမှာ (၁၅)နှစ် ဖြစ်ပါသည်။ ထို့အပြင်လိုင်စင်
ရရှိထားသော ကုမ္ပဏီသည်အခြားသော လိုင်စင်တစ်ခုထပ်မံရယူလိုပါက ၀န်ဆောင်ခ ထပ်မံပေးသွင်းရမည်ဖြစ်ပါသည်၊၊မြန်မာနိုင်ငံပြည်တွင်းကုမ္ပဏီများအတွက် လိုင်စင်ကြေး မြင့်မားသောကြောင့် လိုင်စင်ရယူမည်ဆိုသည်မှာ ကုမ္ပဏီ၏
ဘဏ္ဍာရေး အခြေအနေနှင့်ဗျူဟာပေါ်မူတည်၍ လျှောက်ထားရန်လိုပါသည်။ ၂၀၁၇ခုနှစ်ဇန်နဝါရီလအထိကြိုးတပ်ဆင်မှုစနစ်၊
ကြိုးမဲ့ စနစ်နှင့် ဆက်သွယ်ရေးကိရိယာများ ဝန်ဆောင်မှုပေးသောကုမ္ပဏီမှာ (၅၁)ခု၊ ကြိုးတပ်ဆင်မှုစနစ် တစ်ခုတည်း
ဝန်ဆောင်မှု ပေးသော ကုမ္ပဏီမှာ(၂၃)ခု၊ ကြိုးမဲ့နစ်တစ်ခုတည်းဝန်ဆောင်မှုပေးသော ကုမ္ပဏီမှာ(၁၆)ခု၊ ဆက်သွယ်ရေး
ကိရိယာသာ ဝန်ဆောင်မှုပေးသော ကုမ္ပဏီမှာ (၄၃)ခု ဖြစ်ပါသည်။
၃။ အနာဂတ်အလားအလာ
ပြည်ပမှ အတတ်ပညာနှင့် နည်းပညာများကို အကျိုးရှိရှိအသုံးပြုခြင်းကြောင့် မြန်မာနိုင်ငံ၏ဆက်သွယ်ရေးကဏ္ဍသည်
အချိန်တိုအတွင်း တဟုန်ထိုး တိုးတက်ကောင်းမွန်လာသည်ကို တွေ့ရှိရပါသည်။ ပထမဦးစွာ မိုဘိုင်းဖုန်းနှင့်ဆက်စပ်သည့်
ရင်းနှီးမြုပ်နှံမှုများစွာ ပြုလုပ်ခဲ့ပြီး ၂၀၁၄ခုနှစ်နှင့်၂၀၁၅ခုနှစ်တို့မှာ မိုဘိုင်းဖုန်း သုံးစွဲမှုနှုန်း လွန်စွာများပြားခဲ့သည့် နှစ်များဟုပင်ဆိုနိုင်ပါသည်။ သို့ရာတွင်လက်ရှိအခြေအနေကို သုံးသပ်ကြည့်ပါက မိုဘိုင်းဖုန်းသုံးစွဲမှုနှုန်း လွန်စွာများပြားလာမှုကြောင့် မိုဘိုင်း
ဖုန်းအခြေခံအဆောက်အအုံတိုးချဲ့မှုမှာ ထိပ်ဆုံးကိုရောက်ရှိနေသည့်အခြေအနေဟုခံစားမိပါသည်။ နောက်ထပ်လူကြိုက်များ
လာမည့် ဈေးကွက်တစ်ခုမှာ Broadbandဈေးကွက် ဖြစ်ပါသည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း Broadband အသုံးပြု
နှုန်းသည် နည်းပါးနေသေးပြီး၊ Broadbandအသုံးပြုနှုန်းနှင့် ဆက်စပ်သော အင်တာနက် အသုံးပြုနှုန်းလည်း နည်းပါး
နေသေးသည်။ ဤသို့သောအခြေအနေဖြစ်သောကြောင့် နောင်တွင်ဤနယ်ပယ်အတွင်း ဈေးကွက်ချဲ့ထွင်နိုင်မှုအလားအလာ
ကောင်းများစွာ ရှိနေပါသည်။
ဤအချက်များကိုသတိထားမိသော ပြည်တွင်းပြည်ပကုမ္ပဏီများသည် ဈေးကွက်အတွင်းသို့ ဝင်ရောက်လာလျက်
ရှိပါသည်။ ကြိုးတပ်ဆင်အသုံးပြုမှုသာမက ကြိုးမဲ့စနစ်ကိုပါအသုံးပြုသော ဆက်သွယ်ရေးတပ်ဆင်ခြင်း ဝန်ဆောင်မှု ပေးနိုင်
သော လိုင်စင်ရရှိထားသော ကုမ္ပဏီ(၅၁)ခုရှိသည့်အနက်၊ (၂၂)ခုမှာ ၂၀၁၆ခုနှစ်၊ (၁၉)ခုမှာ၂၀၁၆ခုနှစ်၊ (၁၀)ခုမှာ ၂၀၁၇ခုနှစ်
တွင်အသီးသီးလိုင်စင် ရရှိထားပါသည်။ ၂၀၁၅ခုနှစ်နှင့် ၂၀၁၆ခုနှစ်တို့တွင် ဝန်ဆောင်မှု စတင်ခဲ့သော ကုမ္ပဏီအရေအတွက်
များပြားနေခြင်းကို ကြည့်ခြင်းအားဖြင့် ဆက်သွယ်ရေး အခြေခံအဆောက်အအုံပြုပြင်မွမ်းမံမှုသည် အနာဂတ်ကာလတွင်လည်း
ဆက်လက်ဖွံ့ဖြိုးတိုးတက်လာမည့်အလားအလာကောင်းများရှိသည်ဟုဆိုနိုင်ပါသည်။
အနာဂတ်ကာလတွင် Broadband နှင့် အင်တာနက်ဈေးကွက်ပမာဏ ပိုမိုများပြားလာမည်ဆိုပါက ပို့လွှတ်နိုင်သော
ဒေတာပမာဏသည်လည်း အလျင်အမြန်တိုးတက်သွားမည်ဖြစ်၍ မိုဘိုင်းဖုန်းအသုံးပြုမှုနှင့်အတူ အနာဂတ်ကာလတွင် မြန်မာ
နိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍသည်ပိုမိုတိုးတက်ဖွံ့ ဖြိုးလာနိုင်သည်ဟု ယူဆရပါမည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍသည်
မကြာတော့မည့်အနာဂတ်ကာလတွင်ဆက်လက်အာရုံစိုက်စောင့်ကြည့်သင့်သော ကဏ္ဍတစ်ခုပင်ဖြစ်ပါသည်။
(ဤသုတေသနစာတမ်းသည်ဒိုင်ဝါသုတေသနအဖွဲ့မှ ပြုစုရေးသားထားခြင်းဖြစ်ပြီး ဖော်ပြချက်များအားလုံးမှာ မူရင်းစာရေးသူ၏
အာဘော်သာ ဖြစ်ပါသည်။)
No comments :
Post a Comment