Monday, July 29, 2019

ဒီတစ်ခေါက်မှာတော့ RAN or Radio Access Network အကြောင်းကို ပြောပြ ပေးသွားမှာပဲ ဖြစ်ပါတယ်

No comments

ဒီတစ်ခေါက်မှာတော့
RAN or Radio Access Network အကြောင်းကို ပြောပြ ပေးသွားမှာပဲ ဖြစ်ပါတယ်
RAN ဆိုတာကို အလွယ်ပြောပြရရင်ဖြင့်
ဖုန်းနဲ့ Tower နဲ့ အချိတ်အဆက်လုပ်တဲ့ အပိုင်းလို့ပြောရပါလိမ့်မယ်

RAN ပိုင်းမှာ ဘာတွေပါဝင်လဲဆိုရင်

BTS - Base Transceiver Station (2G)
NodeB(3G)
eNode(4G)
တို့ရယ်
၎င်းတို့ကို ထိန်းချုပ်မယ့်
BSC - Base Station Controller (2G) နဲ့
RNC - Radio Network Controller (3G) တို့ ပါဝင်ပါတယ်
တစ်ခုထူးခြားတာကတော့
4G အတွက် controller ရယ်လို့မရှိပါဘူး
4G ရဲ့ eNodeB ကတော့ PS Core ကို တိုက်ရိုက်ချိတ်ဆက်ပါတယ်
controller တစ်ခုအောက်မှာ site ထောင်ချီပြီး ရှိနိုင်ပါတယ်

BTS NodeB နဲ့ eNodeB တို့ရဲ့ physical တည်ဆောက်ပုံကတော့ဖြင့် သိပ်ပြီးကွဲပြားခြားနားမှုမရှိလှပါဘူး

အခြေခံအားဖြင့်
ပါဝင်တဲ့ ပစ္စည်းတွေကတော့
BBU - Base Band Unit
RRU - Remote Radio Unit နဲ့
RF(Radio Frequency) Antenna
တို့ပဲဖြစ်ပါတယ်

ကျွန်တော်တို့ လက်ရှိအသုံးပြုတဲ့ဖုန်းတွေလိုပဲ
BBU RRU နဲ့ Antenna တို့ဟာလဲ
Equipment တစ်ခုတည်းနဲ့ 2G 3G 4G services များကို ပံ့ပိုးပေးနိုင်ပါတယ်

written by Admin @
ပုံ အင်တာနက်

No comments :

Post a Comment

BurmaTelecom