Evolution of 2G3G and 4G Cellular network
1.1 First Generation Cellular Network (1G)
1st generation ကို Japanနိုင်ငံမှ Nippon Telegraph and Telephone
(NTT)ဆိုတဲ့အဖွဲ့ စည်းတစ်ခုက ၁၉၈၀မှာ စတင်launchလုပ်ပြီး radio signal
တွေကိုanalog နည်းပညာနဲ့ လွှင့်ပါတယ်။ voice service ပဲရတဲ့အတွက်
ဖုန်းပြောရုံလောက်ပဲအဆင်ပြေပါတယ်။ 1Gမှာ သုံးလို့ ရတဲ့ data speedက
အလွန်နည်းတဲ့အတွက် data service မရဘူးလို့ တောင်ပြောလို့ ရပါတယ်။ Short
Message Service (SMS) ပို့ လို့ မရပါ။ FDMA(Frequency Division Multiple
Access)နည်းပညာကို သုံးထားပါတယ်။ 1Gဖုန်းက ယခုခေတ်ဖုန်းတွေနဲ့ ယှဉ်ရင်
အလွန်ကြီးတယ်လို့ ပြောလို့ ရပါတယ်။ပုံ(၂)မှာ ပြန်ထားတာကတော့ Motorola
DyanTAC modelဖြစ်တဲ့ 1G ဖုန်တစ်လုံးပါ။ ၁နာရီကြာလောက်ဖုန်းပြောနိုင်ဖို
့အတွက် ၁၀နာရီလောက် အားသွင်းရပါတယ်။ ဖုန်းက ၂ပေါင်နီးပါးအလေးချိန်ရှိပါတယ်။
1Gမှာ improveလုပ်သင့်တဲ့အချက်တွေကတော့ အသံအရည်အသွေးနဲ
့ဖုန်းကွန်ရက်ရဲ့လုံခြုံရေးပါ။ ဖုန်းလိုင်းက တည်ငြမ်မှုမရှိသေးတဲ့အတွက်
စကားပြောနေတဲ့အချိန်ဖုန်းကျသွားတာ (Call Drop)တွေ
ခဏခဏဖြစ်တာတွေလည်းရှိပါတယ်။ Capacityနဲ့ ပါတ်သက်ပြီးတော့လည်း
သိပ်များများစားစားမရှိပဲ ကန့် သတ်ချက်တွေရှိပါတယ်။ ရွေ
့လျှားနေတဲ့အချိန်မှာ မိုဘိုင်းဆဲလ်တစ်ခုမှ တစ်ခု ကူးပြောင်းချိတ်ဆက်ခြင်း
(Handover or Handoff)တွေကလည်း စိတ်ချရမှုမရှိသေးပါဘူး။
နိုင်ငံတစ်နိုင်ငံမှာ တစ်ခြားနိုင်ငံသို့ ချိတ်ဆက်ပြီးဖုန်းခေါ်ခြင်း(
international roaming)လည်းမရှိသေးပါဘူး။
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment