Tuesday, July 30, 2019

Second Generation Cellular Network (2G)

No comments
Second Generation Cellular Network (2G)
2nd generationကို ၁၉၉၁ Finlandနိုင်ငံမှာ Radiolinjaဆိုတဲ့ operatorကုမ္မဏီက launchလုပ်ပြီး radio signalတွေကို digitalနည်းပညာနဲ့ လွှင့်ပါတယ်။ FAXပို့ တဲ့နည်းပညာစတင်ပေါ်ပေါက်လာပါပြီ။ 2GမှာShort Message Service(SMS)နဲ့ Multimedia Messaging Service(MMS)စတင်အသုံးပြုလို့ ရပါပြီ။ Data serviceကို အသုံးပြုလို့ ရပြီး data speedက 9.6kbpsမှ 14.4kbpsအတွင်းရှိပါတယ်။ Data serviceသုံးလို့ ရတယ်ဆိုပေမယ့် data speedက နှေးနေပါသေးတယ်။ Call Forwarding featureသုံးလို့ ရပါတယ်။ Call Forwardingလုပ်ထားတယ်ဆိုတာ တစ်စုံတစ်ယောက်က မိမိကိုဖုန်းခေါ်ရင် မိမိဆီကိုတိုက်ရိုက်ဖုန်းမ၀င်အောင် တစ်ခြားဖုန်းသို့ မဟုတ် voice mail boxတစ်ခုခုကို directionပြောင်းပေးထားတာဖြစ်ပါတယ်။ ဖုန်းကွန်ယက်ရဲ့လုံခြုံရေးအတွက် ကြားဖြတ်နားထောင်တာတွေ လုပ်လို့ မရအောင် သတင်းအချက်အလက်တွေကို special codeတွေနဲ့ ပေါင်းစပ်ပြီးလွှင့်ပါတယ်။(encryption)လို့ လည်းခေါ်ပါတယ်။ receiverဘက်မှာတော့ ၄င်းspecial codeတွေကို ပြန်ဖယ်ထုတ်ပြီး မူလ အချက်အလက်တွေကိုရယူပါတယ်။(decryption)လို့ လည်းခေါ်ပါတယ်။ 1Gဖုန်းတွေမှာလို ဖုန်းအတွင်းထဲမှာ SIM cardကို အသေထပ်ဆင်ထားတာမျိုးမဟုတ်ပဲ 2Gမှာတော့sim card ကို သီးခြားဖြုတ်ယူတပ်ဆင်လို့ ရပါတယ်။ ဖုန်းhandsetအရွယ်အစားကလည်း 1Gမှာလိုအကြီးကြီးမဟုတ်တော့ပဲ ဘောင်းဘီအိတ်ထဲမှာ အလွယ်တကူသယ်ဆောင်လို့ ရပါတယ်။ 2Gမှာ ဖုန်းoperatorတစ်ခုနဲ့ တစ်ခုကြား ချိတ်ဆက်ပြီးခေါ်ဆိုလို့ ရပါပြီ။ မိမိနိုင်ငံမှ တစ်ခြားနိုင်ငံသို့ ချိတ်ဆက်ခေါ်ယူတဲ့ international roamingလည်း ရပါတယ်။ Multiplexingနည်းပညာမှာတော့ TDMA(Time Division Multiple Access)နည်းပညာနဲ့ CDMA(Code Division Multiple Access)နည်းပညာကို သုံးပါတယ်။ 2Gပြီးတော့ လူတွေရဲ့ ဖုန်းတစ်လုံးမှာ voiceရောdataရော သုံးချင်တဲ့လိုအပ်ချက်ကြောင့် General Packet Radio Service (GPRS)လို့ ခေါ်တဲ့ 2.5Gကို မိတ်ဆက်လိုက်ပါတယ်။ 2Gမှာ circuit switch networkကိုပဲ အသုံးပြုထားတဲ့အတွက် internetအသုံးပြုဖို့ အတွက် သိပ်အဆင်မပြေပါ။ GPRSမှာ packet switching နည်းပညာကို စတင်မိတ်ဆက်လိုက်ပြီး internet speedလည်းမြန်လာပါတယ်။ GPRS data speedက 32kbpsကနေ maximum 48kbpsအထိဆိုတော့ အသုံးပြုလို့ ကောင်းလာပါပြီ။ ဒီနေရာမှာ circuit switchingနဲ့ packet switchingအကြောင်းနည်းနည်းလောက်ပြောပါရစေ။ circuit switchingဆိုတာ ဖုန်းတစ်လုံးကနေ တစ်ခြားဖုန်းတစ်လုံးကိုဖုန်းခေါ်တဲ အခါမှာပဲဖြစ်ဖြစ် dataပို့ တာပဲဖြစ်ဖြစ် ဆက်သွယ်မှု မစခင်ကတည်းက ၄င်းတို့ အတွက်ဘယ်routerတွေနဲ့ switchတွေကိုဖြတ်သွားရမယ်ဆိုတဲ့လမ်းကြောင်းနဲ့ link bandwidthတို့ switch capacityစတဲ့ resourceတွေကို သီးသန့် သတ်မှတ်ထားပါတယ်။ ထိုအရာတွေသတ်မှတ်ပြီးတာနဲ့  စကားပြောဆိုမှုစတင်ပါတယ်။ user Aနှင့်user Bတို့ ဆက်သွယ်နေတဲ့အချိန် ၄င်းတို့ ကြားမှာ သီးခြားသတ်မှတ်ထားတဲ့ circuit ပါတ်လမ်းတစ်ခုတည်ဆောက်ပြီးဆက်သွယ်စေတဲ့အတွက် အနှောက်အယှက်မရှိပဲ စိတ်ချရပါတယ်။ ပုံ(၃)မှာကြည့်ပါ။ဖုန်းပြောလို့ ပြီးတဲ့အခါမှသာ သီးခြားလမ်းကြောင်းကို ပြန်ဖြတ်လိုက်ပြီးနောက်ထပ် ခေါ်ဆိုမှုတွေကို ထပ်မံချိတ်ဆက်တဲ့အတွက် လိုင်းကျတာတို့ ဘာတို့ မဖြစ်ပါ။ အများအားဖြင့် PSTN(Public Switched Telephone Network)နဲ့ POTS(Plain Old Telephone Service)တွေမှာ circuit switchingကို သုံးပါတယ်။ လမ်းကြောင်းကို sharingလုပ်ပြီးမသုံးတဲ့အတွက် packet switchingနဲ့ ယှဉ်လိုက်ရင် ကုန်ကျစရိတ်တော့ကြီးမားပါတယ်။ ဒါကြောင့်တစ်ခြားနိုင်ငံတွေကိုcircuit switchingနဲ့ ဖုန်းခေါ်တဲ့အခါမှာ ကုန်ကျစရိတ်ပိုမိုကြီးမားပါတယ်။ packet switchingမှာတော့ user Aမှာ user Bသို့ ပို့ မည့်အချက်အလက်တွေကို packetလို့ ခေါ်တဲ့ အထုပ်လေးတွေအဖြစ်ခွဲထုတ်လိုက်ပါတယ်။ ၄င်းpacketတွေမှာ ပို့ မယ့်data ၊ ပို့ မယ့်ဘက်အခြမ်းရဲ့ source address နဲ့ လက်ခံရရှိမယ့်ဘက်အခြမ်းရဲ့ destination addressတွေပါပါတယ်။ အကြောင်းတစ်ခုခုကြောင့် packetတွေက သက်ဆိုင်ရာ destination addressကို မရောက်ခဲ့ရင်တော့ dataတွေမဆုံးရှုံးပဲမူလနေရာသို့ ပြန်ပို့ ပါတယ်။ circuit switchingမှာလို လမ်းကြောင်းသတ်မှတ်ချက်မရှိပဲ dataတွေကို အဆင်ပြေတဲ့လမ်းကြောင်းမှ routerတွေ switchတွေကိုဖြတ်ပြီးပို့ ပါတယ်။ ဒါပေမယ့် destinationကို ရောက်တဲ့အချိန်မှာ packetတွေက အစီစဉ်တစ်ကျမရှိတဲ့အတွက် မူလ source dataကို ရဖို့  packetတွေကို ပြန်စီစဉ်ရတဲ့အတွက်(reassembleလုပ်တယ်လို့ ခေါ်ပါတယ်) delay timeတချို့ ရှိပါတယ်။ ပုံနံပါတ်(၄)ကိုကြည့်ပါ။ 2.5Gမှာ data transferလုပ်နေတဲ့အချိန်၊ ဥပမာ-upload/downloadလုပ်နေတဲ့အချိန် တစ်ပြုင်နက်ဖုန်းပြောလို့ ရပါတယ်။

No comments :

Post a Comment

BurmaTelecom